ကွယ်လွန်သွားပြီဖြစ်သော ၀င်ငွေအများဆုံးရ အနုပညာရှင်စာရင်းတွင် လေးနှစ်ဆက်တိုက် ထိပ်ဆုံးမှရပ်တည်နေတဲ့ မိုက်ကယ်ဂျက်ဆင်

ကွယ်လွန်သွားပြီဖြစ်သော ၀င်ငွေအများဆုံးရ အနုပညာရှင်စာရင်းတွင် လေးနှစ်ဆက်တိုက် ထိပ်ဆုံးမှရပ်တည်နေတဲ့ မိုက်ကယ်ဂျက်ဆင်

နယူးယော့ခ် ၊ အောက်တိုဘာ ၁၃ ။           ။ ကမ္ဘာကျော် အဆိုတော် မိုက်ကယ်ဂျက်ဆင်သည် Forbes မဂ္ဂဇင်း၏ ကွယ်လွန်သွားပြီဖြစ်သော ဝင်ငွေအများဆုံးရ အနုပညာရှင်စာရင်းတွင် လေးနှစ်ဆက်တိုက် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။

ယခုနှစ် အစောပိုင်းက ကွယ်လွန်သွားပြီဖြစ်သော ကမ္ဘာကျော် အဆိုတော် ဒေးဗစ်ဘိုဝီ နှင့် ပရင့်စ်တို့သည်လည်း  ကွယ်လွန်သွားပြီဖြစ်သော ဝင်ငွေအများဆုံးရ အနုပညာရှင်စာရင်းတွင် ပါဝင်ခဲ့သည်။

မိုက်ကယ်ဂျက်ဆင်သည် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁ရက် မှ ၂၀၁၆ ခုနှစ် အောက်တိုဘာ၁ရက်အထိ  ၁၂လတာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၈၂၅သန်း ရရှိခဲ့ကြောင်း Forbes  မဂ္ဂဇင်းက ဖော်ပြထားသည်။မိုက်ကယ်ဂျက်ဆင်သည် Sony/ATV တေးဂီတထုတ်လုပ်ရေးတွင် ကျန်ရှိနေသော စတော့ရှယ်ယာများရောင်းချရမှုမှ အမေရိကန်ဒေါ်လာ သန်း ၇၅၀ ရရှိခဲ့ခြင်းဖြစ်သည်။

 ပရင့်စ် ကွယ်လွန်ပြီးနောက် ၎င်း၏ တေးအယ်လ်များ ရောင်းချရမှုသည် မြှင့်တတ်ခဲ့သည်။ ပရင့်စ်သည် ခန့်မှန်းခြေအားဖြင့်  ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၅သန်း ရရှိခဲ့ပြီး နံပါတ် ၅ နေရာတွင် ရပ်တည်နေကာ အဲလ်ဗစ်ပရက်စ်လေသည် အမေရိကန်ဒေါ်လာ ၂၇သန်း ဝင်ငွေရရှိကာ နံပါတ် ၄နေရာမှ ရပ်တည်နေသည်။

ဗြိတိန်အဆိုတော်ကြီး ဒေးဗစ်ဘိုဝီ၏ တေးအယ်လ်ဘမ် နှင့် တစ်ကိုယ်တော် တေးသီချင်းများသည် ပရက်စ်လေ နှင့် ဂျက်ဆင်တို့ထက် ပိုမိုရောင်းရသော်လည်း ဘိုဝီ၏ ဝင်ငွေရရှိမှုစုစုပေါင်းသည် ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၁၀ဒသမ ၅သန်းရရှိခဲ့ပြီး နံပါတ် ၁၁ နေရာတွင် ရပ်တည်နေသည်။

ဂေါက်ကစားသမားကြီး အာနိုးပလမ်မာသည် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၄၀ ရရှိကာ နံပါတ် ၃နေရာမှ ရပ်တည်နေသည်။ ကာတွန်းပညာရှင် Charles M Schulz သည် ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၈သန်း ဖြင့် နံပါတ်နှစ်နေရာမှ ရပ်တည်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required