လူငယ်ကစားသမားများဖြင့် အဓိကဆုဖလားများ မရနိုင်ဟု အာစင်ဝင်းဂါး ပြောကြား

လူငယ်ကစားသမားများဖြင့် အဓိကဆုဖလားများ မရနိုင်ဟု အာစင်ဝင်းဂါး ပြောကြား

အောက်တိုဘာ ၁၃၊ လန်ဒန် ။             ။ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက အသင်းတစ်သင်းအနေဖြင့် လူငယ်ကစားသမားများဖြင့် အဓိကကဆုဖလားများ မရနိုင်ကြောင်းနှင့် အဓိကဆုဖလားများ ရရှိလိုပါက အတွေ့အကြုံရှိသည့် ကစားသမားများလိုအပ်ကြောင်း ပြောဆိုလိုက်သည်။

အာစင်ဝင်းဂါးသည် သူ၏အာဆင်နယ်နည်းပြသက်တမ်းတစ်လျှောက်တွင် လူငယ်ကစားသမားအများစုကို နေရာပေးကစားခဲ့သည့်အတွက် ဝေဖန်ခံခဲ့ရသူတစ်ဦးဖြစ်သည်။

သို့သော် ယခုဝင်းဂါးက အသင်းတစ်သင်း အဓိက ဆုဖလားများရရှိရန် အသင်း၏ အမာခံကစားသမားများမှာ အသက် ၂၃ နှစ်နှင့် အသက် ၃၀ ကြားရှိရန်လိုကြောင်း ပြောဆိုခဲ့သည်။

‘တကယ်စစ်မှန်တဲ့ ဘောလုံးသမားတစ်ဦးဖြစ်ဖို့အတွက် အသက်က ၂၃ နှစ်လောက်ရှိရပါလိ့်မ်မယ်။ အဲ့ဒါမှ သူဟာ အဓိကပြိုင်ပွဲကြီးတွေကို ကစားခဲ့ဖူးပြီး လုံလောက်တဲ့ သင်ယူမှု ရရှိပြီး ဖြစ်မှာပါ။

အသင်းတစ်သင်းမှာ အလားအလာရှိတဲ့ လူငယ်ခြေတက်ကစားသမား တစ်ဦး၊ နှစ်ဦးလောက်တော့ ပါဝင်လို့ရပါတယ်။ ကျွန်တော်တို့အသင်းက ဘယ်လာရင်နဲ့ အိုင်ဝိုဘီတို့လို့ပေါ့။ ဒါပေမဲ့ အသင်းရဲ့ အမာခံဖြစ်တဲ့ အဓိက ကစားသမားတွေကတော့ အသက် ၂၃ နှစ်နဲ့ ၃၀ ကြားဖြစ်ဖို့ လိုပါတယ်။

နိုင်ငံအသင်းတွေကို ကြည့်လိုက်ပါ။ ဘယ်ပြိုင်ပွဲမှာမှ လူငယ်တွေနဲ့တည်ဆောက်ထားတဲ့ အသင်းက ဗိုလ်မစွဲခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆုဖလားတွေရဖို့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာက ပိုပြီး အရေးကြီးလို့ပါ။ အတွေ့အကြုံရှိတဲ့ ကစားသမားတွေ သေချာပေါက် လိုအပ်ပါတယ်’ ဟု အာစင်ဝင်းဂါးက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required