ဒေါ်အောင်ဆန်းစုကြည် အောက်တိုဘာ ၁၆ ရက်၌ အိန္ဒိယသို့ သွားရောက်ရန်ရှိ

ဒေါ်အောင်ဆန်းစုကြည် အောက်တိုဘာ ၁၆ ရက်၌ အိန္ဒိယသို့ သွားရောက်ရန်ရှိ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် အိန္ဒိယသို့ ပထမဆုံးခရီးကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အောက်တိုဘာ ၁၆ ရက်၌ လေးရက်တာ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်ရန် ရှိကြောင်း ပြည်ပမီဒီယာများတွင် ဖော်ပြသည်။

အဆိုပါ ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က ဂိုအာတွင် ကျင်းပမည့် BRICS-BIMSTEC ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကာ အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီနှင့်လည်း တွေ့ဆုံ၍
အဓိကနှစ်နိုင်ငံကိစ္စရပ်များနှင့် ဒေသတွင်းကိစ္စရပ်များအပေါ် ဆွေးနွေးသွားမည်ဖြစ်သည်။

အဆိုပါ ထိပ်သီးညီလာခံသို့ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် တက်ရောက်ပြီးချင်း ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယသို့ နိုင်ငံတော်ခရီးစဉ်က စတင်မည်ဖြစ်သည်။

ဆယ်စုနှစ် ငါးခုကျော်ကြာ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်စေပြီး နိုင်ငံတော်အာဏာရလာသည့် NLD အစိုးရတွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း တာဝန်ယူထားသည်။

ဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံမှု၌ နယ်စပ်စီမံခန့်ခွဲရေးကိစ္စရပ်များ အိန္ဒိယ-မြန်မာနယ်စပ်က သောင်းကျန်းသူကိစ္စရပ်များက အဓိကထားဆွေးနွေးဖြစ်ဖွယ်ရှိကြောင်း သတင်းရင်းမြစ်များအရ သိရသည်။ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုအတွက်လည်း နှစ်ဖက်ဆွေးနွေးသွားကြဖွယ်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required