ဆီးရီးယားတိုက်ပွဲများ ချက်ချင်းရပ်ဆိုင်းပေးရန် ပုပ်ရဟန်းမင်းကြီး မေတ္တာရပ်ခံ

ဆီးရီးယားတိုက်ပွဲများ ချက်ချင်းရပ်ဆိုင်းပေးရန် ပုပ်ရဟန်းမင်းကြီး မေတ္တာရပ်ခံ

အောက်တိုဘာ ၁၂ ။           ။ ဆီးရီးယားတွင် ဖြစ်ပွားနေသော တိုက်ခိုက်မှုများကို ချက်ချင်းရပ်ဆိုင်းရေး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အောက်တိုဘာ ၁၂ ရက်တွင် တောင်းဆိုပန်ကြားသွားသည်။ အလက်ပိုမြို့တွင် ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများအောက် ကျရောက်ခဲ့ပြီးနောက် အပြစ်မဲ့အရပ်သားများ (အထူးသဖြင့် ကလေးငယ်များ) ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ရန် အပစ်ရပ်အစီအစဉ် ချက်ချင်းဖော်ဆောင်ပေးရန် ပါဝင်ဆင်နွဲနေသူများအား ပုပ်ရဟန်းမင်းကြီးက တောင်းဆိုလိုက်ခြင်းဖြစ်သည်။

" ကျွန်တော် ပြောပါရစေ၊ ဆီးရီးယားမှာ ဖြစ်နေတဲ့ လူသားမဆန်တဲ့ ပဋိပက္ခတိုက်ပွဲတွေအောက် ကျရောက်နေတဲ့ အပြစ်မဲ့ပြည်သူတွေကို ငဲ့ညာေးစေလိုပါတယ်၊ ဒီ တိုက်ပွဲတွေမှာ ပါဝင်နေတဲ့သက်ဆိုင်သူအားလုံးအနေနဲ့ အရေးပေါ် အပစ်ရပ်သဘောတူညီချက်တစ်ခု ချက်ချင်းလုပ်ဆောင်ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်၊ အနည်းဆုံးတော့ ဒီထဲမှာ ပိတ်မိနေတဲ့ အပြစ်မဲ့အရပ်သားတွေကို ကူညီရွှေ့ပြောင်းပေးနိုင်အောင်လို့ပါ" ဟု ၎င်းက ပြောကြားသွားသည်။

အောက်တိုဘာ ၁၁ ရက်က ဆီးရီးယားအစိုးရမဟာမိတ် ရုရှက အလက်ပိုမြို့တွင် ပြင်းထန်သည့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ကလေး လေးဦးအပါအဝင် အရပ်သား ၂၅ ဦးသေဆုံးသွားကြောင်းနှင့် မြို့တွင်းရှိ လူနေအိမ်ခြေအများအပြားကို ပျက်စီးစေခဲ့ကြောင်း စောင့်ကြည့်အဖွဲကတစ်ခုက ထုတ်ဖော်ပြောကြားသွားသည်။

ဝါရှင်တန်နှင့် မော်စကိုအစိုးရတို့ ကြားဝင်စေ့စပ်ပေးခဲ့သော သက်တမ်းတိုအပစ်ရပ်သဘောတူညီချက် ပျက်ပြားခဲ့ပြီးနောက်ပိုင်း ယခုအခါ ယင်းနိုင်ငံတွင် အပြန်အလှန်တိုက်ခိုက်မှုများ တကျော့ပြန်ပြင်းထန်လာနေခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required