လက်ရှိ နိုင်ငံတော် အစိုးရက သဘောထား ကြီးလွန်းနေသည်ဟု ရွှေညဝါ ဆရာတော် မိန့်

လက်ရှိ နိုင်ငံတော် အစိုးရက သဘောထား ကြီးလွန်းနေသည်ဟု ရွှေညဝါ ဆရာတော် မိန့်

ရန်ကုန်၊ အောက်တိုဘာလ ၁၁ ။            ။ ဒီမိုကရေစီ အသွင်းကူးပြောင်းရေး လုပ်ဆောင်နေချိန်တွင် လက်ရှိအစိုးရအနေဖြင့် အလွန်သဘောထား ကြီးနေသည်ဟု ထင်မြင်မိကြောင်း ရွှေညဝါဆရာတော် ဦးပညာသီဟက မိန့်ကြားလိုက်သည်။

" အစစအရာရာ မှုန့်မှုန့် ညက်ညက် ကြေအောင် နင်းချေ ပစ်ခဲ့တဲ့ တိုင်းပြည်တစ်ခုကို တစ်စစီ ကောက်ပြီးတော့ ပြန်ဆက်ရတဲ့ အလုပ်ကို လုပ်ရတဲ့ အတွက် ဘုန်းကြီးတို့ တိုင်းပြည်ဟာ လက်ရှိ ဒီမိုကရေစီအသွင်ကိုလည်းသွား၊ ပြုပြင်ပြောင်းလဲရေးမူဝါဒအရ ၂ဝဝ၈ ဖွဲ့စည်းပုံထဲက တချို့ဟာ လေးတွေ ပျော့ပျော့ပျောင်းပျောင်း ဥပဒေလေးတွေကနေ စပြီးတော့ ပြင်ဆင်လာတဲ့ ပေါ်မှာ လက်ရှိ အစိုးရက အရမ်း သဘောထားကြီးနေတယ်လို့ ဘုန်းကြီးကတော့ ထင်တယ် "ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။

အောက်တိုဘာလ ၁၁ရက်က ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ရွှေပြည်အေးလမ်းထောင့်ရှိ ကချင်ဘုရားကျောင်းတွင် ပြု လုပ်သော ကချင်စစ် ဘေးရှောင် ပြည်သူများအတွက်   မြန်မာလူမှုဘဝ တိုးတက်မြင့်မားရေးအသင်းမှ အလှူငွေလှူဒါန်းပွဲတွင် မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ပြည်သူများ အနေဖြင့် စိုးရိမ်ကြောင့်ကြစရာ မရှိသော်လည်း တရားဥပဒေစိုးမိုးမှု ယန္တရားစနစ် မလည် ပတ် နိုင်သေးသည့် လက်ရှိအစိုးရသစ်၏ မနိုင်မနင်း အုပ်ချုပ်မှုအောက်တွင်   နေထိုင်ရသည့်အတွက် ပြည်သူများ အနေဖြင့် လုံခြုံ မှုမရှိကြောင်းလည်း ဆရာတော်က မိန့်ကြားသည်။

" ပြောချင်တာကတော့ ဘုန်းကြီးတို့ အကုန်လုံးကို ပြောချင်တယ်။ အကုန်လုံးဆိုတာက ရဟန်းရှင်၊ ပြည်သူ အကုန်လုံး ဟာ အလိုလိုက် အမိုက်စော်ကား အကောင်းမမြင်တဲ့ အပြင် အဆိုးဘက်ကချည်း ကြည့်နေတော့ လက်ရှိအစိုးရရဲ့ ဦး ဆောင်နေတဲ့ ပုဂ္ဂိုလ်တွေကို လူမလေး ခွေးမခန့် ပုံစံမျိုးတွေ ပြောဆိုဆက်ဆံတာတွေ ရှိတယ် " ဟု ဆရာတော်က မိန့်သည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သဘော ထားကြီးစွာဖြင့် လုပ်ဆောင်နေသော်လည်း လက်ရှိတွင် မြန်မာ့တပ်မတော် အခန်းကဏ္ဍက ငြိမ်းချမ်း ရေးကို ဖော်ဆောင်ရာတွင် လမ်းကြောင်းလွဲနေကြောင်း၊ တိုင်းပြည်ကောင်းစားရန်အတွက် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ငြိမ်းချမ်းရေး နှင့် အလှမ်းဝေးမသွားရန် လိုအပ်ကြောင်း ဆရာတော်က မိန့်ကြားခဲ့သည်။

အဆိုပါ လှူဒါန်းပွဲတွင် မြန်မာလူမှုဘဝတိုးတက်မြင့်မားရေး အသင်းမှ နာယက ဆရာတော်များဖြစ်သော ရွှေညဝါ ဆရာ တော်၊ ပန်းပျိုးလက်ဆရာတော်နှင့် ဥက္ကဋ္ဌ  ဦးဗေလုဝ၊ ဒု ဥက္ကဋ္ဌ ဦးမေတ္တာ၊ အတွင်းရေးမှူး ဦးနေမျိုးဇင်တို့ တက်ရောက် ခဲ့ပြီး စစ်ဘေးရှောင် ပြည်သူများအတွက် အလှူငွေ ကျပ်သိန်း ၃ဝ ကို လှူဒါန်းခဲ့ကာ ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ညှိ နှိုင်းရေးမှူး ဦးပက်ထရစ်ကွမ်ဂျားလီက လက်ခံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly