ရွန်နီကို ပထမ ကစားသမားစာရင်းမှ ထုတ်ပယ်ရန် ကြောက်ရွံ့နေမည်မဟုတ်ဟု အင်္ဂလန်နည်းပြ ဆောက်ဂိတ် ပြော

ရွန်နီကို ပထမ ကစားသမားစာရင်းမှ ထုတ်ပယ်ရန် ကြောက်ရွံ့နေမည်မဟုတ်ဟု အင်္ဂလန်နည်းပြ ဆောက်ဂိတ် ပြော

အောက်တိုဘာ ၁၀၊ အင်္ဂလန် ။                       ။ အင်္ဂလန်အသင်း၏ ယာယီနည်းပြ ဆောက်ဂိတ်က တိုက်စစ်မှူးရွန်နီကို ပထမ ကစားသမားစာရင်းမှ ထုတ်ပယ်ပစ်ရန်   ကြောက်ရွံ့နေမည် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

အင်္ဂလန်အသင်းက မော်လ်တာအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ရွန်နီမှာ ပုံမှန်ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ အင်္ဂလန်ပရိသတ်များ၏ အောက်ဟစ်လှောင်ပြောင်မှုများခံခဲ့ရသည်။

ထို့ကြောင့် ဆောက်ဂိတ်မှာ လာမည့် ဆလိုဗေးနီးယားနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် ရွန်နီကို ပွဲထွက်အဖြစ် အသုံးပြုသင့် မပြုသင့်ဆိုသည့် အခက်အခဲနှင့် ရင်ဆိုင်ရလျက်ရှိသည်။ အီရစ်ဒီယာ၊ အယ်လီနှင့် ဟန်ဒါဆင်တို့မှာ ကွင်းလယ်တွင် ကောင်းစွာ ခြေစွမ်းပြ ကစားနိုင်ကြသည့်အတွက် ဆောက်ဂိတ်မှာ ပိုမိုအခက်အခဲဖြစ်လျက်ရှိသည်။

သို့သော် ဆောက်ဂိတ်က ‘ကျွန်တော့်အနေနဲ့အသင်းအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်သွားမှာပါ။ အင်္ဂလန်အသင်းအတွက် ပထမကစားသမားရွေးချယ်တဲ့နေရာမှာ အပတ်တိုင်း ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့်ရနေတဲ့ ကစားသမားအချို့ကို အရန်ခုံမှာ ထိုင်ခိုင်းရင်လည်း ထိုင်ခိုင်းရပါလိ့မ်မယ်။ အဲ့ဒီအတွက်လည်း ပြင်ဆင်ထားရမှာပါ။ ဒါက နည်းပြအလုပ်ရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ’ ဟု   ပြောဆိုခဲ့သည်။

ပရိသတ်များက ရွန်နီကို လှောင်ပြောင်ခဲ့ကြသော်လည်း ဆောက်ဂိတ်ကမူ ရွန်နီ၏ကစားပုံကို ကျေနပ်ကြောင်းနှင့် ပရိသတ်များဘာကြောင့်လှောင်ပြောင်ကြသည်ကို နားမလည်နိုင်ကြောင်း   ပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly