မောင်တောတိုက်ခိုက်မှုကို AA က စောင့်ကြည့်လျက်ရှိပြီး လိုအပ်လျင် လှုပ်ရှားမည်ဟု သတင်းထုတ်ပြန်

မောင်တောတိုက်ခိုက်မှုကို AA က စောင့်ကြည့်လျက်ရှိပြီး လိုအပ်လျင် လှုပ်ရှားမည်ဟု သတင်းထုတ်ပြန်

စစ်တွေ၊ အောက်တိုဘာ ၉ ရက်  ။              ။ ရခိုင်နယ်စပ်ဒေသ မောင်တောမြို့ရှိ နယ်ခြားစောင့် တပ်စခန်းများ တိုက်ခိုက်ခံခဲ့ရမှုနှင့်ပတ်သက်ပြီး တပ်မတော်၊ နယ်ခြားစောင့်တပ်တို့၏ တုံ့ပြန်မှုများအပေါ် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA မှ အနီးကပ် စောင့်ကြည့်လျက် ရှိကြောင်းနှင့် လိုအပ်လျင် လိုအပ်သလို လှုပ်ရှားသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်တွင် “မောင်တောဒေသသည် မြန်မာအစိုးရ၊ မြန်မာ့တပ်မတော် နှင့် နယ်ခြား စောင့်တပ်ဖွဲ့များ၏ စီမံအုပ်ချုပ်မှုအောက်တွင် ရှိသောကြောင့် ထိုဒေသရှိ ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်တို့နှင့် ထိုဒေသ၏ တည်ငြိမ် အေးချမ်းမှု၊ လုံခြုံမှုသည် ထိုဒေသအား တာဝန်ယူအုပ်ချုပ်နေသူတို့တွင် အဓိကတာဝန်ရှိကြောင်း” ဖော်ပြထားသည်။

ယင်းအပြင် ULA/AA အနေနှင့် ရခိုင်အမျိုးသားလုံခြုံရေးနှင့် ပတ်သက်ပြီး အနီးစပ်ဆုံး အနေအထားတွင် ရှိနေသလို ရခိုင်ပြည်သူလူထုတို့နှင့် တသွေးတသားတည်းရှိကြောင်း၊ ရခိုင်အမျိုးသားလုံခြုံရေးအတွက် မည်သည့်အခါ မျက်ကွယ်ပြုမည်မဟုတ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

AA သည် ၂၀၁၄ ခုနှစ် ဧပြီလမှ စတင်ကာ ရခိုင်ပြည်နယ်အတွင်း အခြေစိုက်စခန်းများ တိုးချဲ့နိုင်ရန်အတွက် တပ်မတော်နှင့် ထိတွေ့တိုက်ပွဲများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ရခိုင်ပြည်နယ်၌ အခြေစိုက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည့် အဖွဲ့အစည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required