လေဒီဂါဂါ၏ “Joanne” တေးအယ်လ်ဘမ်သစ် အွန်လိုင်းတွင် ပေါက်ကြားခဲ့

လေဒီဂါဂါ၏ “Joanne” တေးအယ်လ်ဘမ်သစ် အွန်လိုင်းတွင် ပေါက်ကြားခဲ့

နယူးယော့ခ် ၊ အောက်တိုဘာ ၈ ။               ။ ပေါ့ပ်ဘုရင်မ လေဒီဂါဂါ၏  ဖြန့်ချိခြင်း မရှိသေးသည့်  “Joanne”တေးသီချင်း အယ်လ်ဘမ်သစ်သည်  Amazon Echo စပီကာများကြောင့် အွန်လိုင်းတွင်   ပေါက်ကြားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

၂၀၁၃ခုနှစ်က “Artpop” တေးအယ်လ်ဘမ် ထွက်ရှိပြီး နောက်ပိုင်း လေဒီဂါဂါ၏ ပထမဆုံး တစ်ကိုယ်တော် တေးအယ်လ်ဘမ်ဖြစ်သည့်  “Joanne” တေးအယ်လ်ဘမ်ကို အောက်တိုဘာ ၂၁ ရက်တွင် ထွက်ရှိရန် စီစဉ်ထားပြီး လက်ရှိအချိန်တွင်  Amazon အွန်လိုင်းတွင် ကြိုတင် မှာယူနိုင်ပြီဖြစ်သည်။

တေးအယ်လ်ဘမ်ကို ကြိုတင် မှာယူသည့်အခါတွင် ကြိုတင်နားဆင်နိုင်ရန် တေးသီချင်းများကို ဖြတ်ထားသည့် စက္ကန့်သုံးဆယ်ကြာ အပိုင်းများကို Amazon အွန်လိုင်းတွင် နားဆင်နိုင်သည်။

လေဒီဂါဂါ၏ “Joanne” တေးသီချင်း အယ်လ်ဘမ်ကို နားဆင်နိုင်ရန်  Amazon Echo ကို မေးမြန်းမှုများ ပြုလုပ်ခဲ့သော အသုံးပြုသူများသည်  တေးသီချင်းများ ကြိုတင် နားဆင်နိုင်မှု စက္ကန့်သုံးဆယ်ကြာ အပိုင်းများကို နားဆင်နိုင်ရန်  Amazon Echo စပီကာများကို အသုံးပြုခဲ့ပြီး အသံဖမ်းကာ အွန်လိုင်းတွင် မျှဝေခဲ့ခြင်းဖြစ်ကြောင်း ဘီဘီစီက ဖော်ပြထားသည်။

အသုံးပြုသူများသည် တေးသီချင်းများ ကြိုတင်နားဆင်နိုင်ရန် တေးသီချင်းများကို ဖြတ်ထားသော စက္ကန့်သုံးဆယ်ကြာ အပိုင်းများကို အင်တာနက်ပေါ်တွင် အလျင်အမြန် တင်ခဲ့သော်လည်း ဖယ်ရှားနိုင်ခဲ့ပြီဖြစ်သည်။

ပေါက်ကြားခဲ့သော ကြိုတင်နားဆင်နိုင်သည့် တေးသီချင်းအပိုင်းများတွင်  “Hey Girl” ၊ “Angel Down” နှင့် “Diamond Heart” တေးသီချင်းတို့ပါဝင်သည်။ Amazon သည် ယင်းကိစ္စနှင့် စပ်လျဉ်း၍ ထင်မြင်ချက် ပြောကြားချက်ပေးရန် မေတ္တာရပ်ခံချက်ကို တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags