သုံးစွဲသူတို့၏ စတိုင်၊ ဖက်ရှင်ကို ထင်ဟပ်စေမည့် P 9 Rose Gold ကို Huawei က မိတ်ဆက်

သုံးစွဲသူတို့၏ စတိုင်၊ ဖက်ရှင်ကို ထင်ဟပ်စေမည့် P 9 Rose Gold ကို Huawei က မိတ်ဆက်

ရန်ကုန်၊အောက်တိုဘာ ၈ ။             ။ Huawei သည် သုံးစွဲသူတို့၏ စတိုင်၊ ဖက်ရှင်ကို ထင်ဟပ်စေမည့်  Rose Gold အရောင်ရှိ P 9 စမတ်ဖုန်းကို အောက်တိုဘာ (၇)ရက်နေ့က  မြန်မာပလာဇာတွင် စတင် မိတ်ဆက်လိုက်ပြီဖြစ်သည်။

P9 ထုတ်ကုန်နှင့် ပက်သက်  ၍ Huawei Device Business Department ၏ Marketing Director ကိုအောင်မိုးထူးက “ ကျွန်တော်တို့  Huawei ရဲ့ သုံးစွဲသူတွေကို အသစ်အသစ်တွေ၊ အကောင်းဆုံး နည်းပညာနဲ့ ထုတ်ကုန်ကို ပေးစွမ်းချင်တဲ့ စေတနာနဲ့ P9 Rose Gold ကို သုံးစွဲသူတွေဆီကို ထပ်မံပို့ဆောင်လိုက်တာဖြစ်ပါတယ်" ဟု ပြောကြားသွားခဲ့သည်။

Huawei P 9 စမတ်ဖုန်း၏ မျက်နှာပြင်အကျယ်မှာ ၅.၂ လက်မရှိပြီး ထောင့်ကွေး ဒီဇိုင်းတို့နှင့်  2.5 D ဖန်သား မျက်နှာပြင်ဖြင့် ဖန်တီးထားပြီး ကျပ် ၅၅၉၀၀၀ (ငါးသိန်းငါးသောင်းကိုးထောင်)ဖြင့် ဝယ်ယူ ရရှိနိုင်သည်။

အောက်တိုဘာလ (၁)ရက်နေ့မှ နိုဝင်ဘာလ (၃၀)ရက်နေ့အတွင်း Huawei P9 ဝယ်ယူသူများအနေဖြင့် လက် ဆောင်အဖြစ်  Premium Photography Gifts Package(10000 mah ပါသည့် Huawei Power Bank၊ Tripod၊ Selfie Stick ) တို့ရရှိမည့်အပြင် ၁၀၉၀၀၀ ကျပ်တန် Huawei Media Pack T1 7.0 ကို ၅၀,၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

Rose Gold အပြင် Huawei P9 Prestige Gold, Titanium Gray, Mystic Silver တို့ကိုလည်း ဝယ်ယူ ရရှိနိုင် မည်ဖြစ်သည်။

Huawei P9 သည် Leica မှန်ဘီလူး နည်းပညာကို ပထမဆုံးအသုံးပြုထားသော စမတ်ဖုန်းဖြစ်ပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required