ဟာရီကိန်းမုန်တိုင်း မက်သရူးကြောင့် ဟေတီတွင် သေဆုံးသူ ၂၆၄ ဦးထက် မနည်း ရှိ

ဟာရီကိန်းမုန်တိုင်း မက်သရူးကြောင့် ဟေတီတွင် သေဆုံးသူ ၂၆၄ ဦးထက် မနည်း ရှိ

အောက်တိုဘာ ၇ ။                ။ ဆယ်စုနှစ်တစ်စုစာအတွင်း အင်အားအပြင်းဆုံးသော ဟာရီကိန်းမုန်တိုင်း တိုက်ခတ်ခံလိုက်ရသော ဟေတီနိုင်ငံတွင် ယခုအခါ မုန်တိုင်းကြောင့် သေဆုံးသူဦးရေ စုစုပေါင်း အနည်းဆုံး ၂၆၄ ဦးအထိ ရှိသွားပြီဟု အာဏာပိုင်များက ပြောကြားသွားသည်။

အစောပိုင်းက မုန်တိုင်းကြောင့် သေဆုံးသူ ၁၀၈ ဦးသာ ရှိနေပြီကြောင်း ပြည်ထဲရေးဝန်ကြီး ဖရန်ကွိုင်စ် အန်နစ်ခ် ဂျိုးဇက်က ထုတ်ပြန်ပြောကြားပြီးနောက်ပိုင်း နာရီပိုင်းအကြာတွင်ပင် မုန်တိုင်းဒဏ် အခံရဆုံးရသော ဒေသများသို့ ရောက်သွားသည့် ကယ်ဆယ်ရေးဝန်ထမ်းများ၏ ထပ်မံတွေ့ရှိချက်အရ သေဆုံးသူ စာရင်းမှာ ၂၆၄ ဦးထိ မြင့်တက်သွားခဲ့ခြင်းဖြစ်သည်။

၂၀၀၇ ခုနှစ်နောက်ပိုင်း ကာရေဘီယံဒေသအတွက် အင်အားအပြင်းဆုံးသော ဟာရီကိန်းမုန်တိုင်း မက်သရူးမှာ ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်ကတည်းက လေတိုက်နှုန်း တစ်နာရီ ၂၃၀ ကီလိုမီတာဖြင့်   ဟေတီ အနောက်တောင်ပိုင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

အလားတူ ယခုထက်ထိတွေ့ရှိမှုများအရ နေအိမ်ပေါင်း ၂၀,၀၀၀ ကျော်ပါ ပျက်စီးဆုံးရှုံးသွားခဲ့သည်ဟုလည်း သိရသည်။

ဆက်လက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေလျက်ရှိပြီး သေဆုံးသူ စာရင်းထပ်တိုးလာနိုင်ကြောင်း ဟေတီ ကြားဖြတ်သမ္မတ ဂျိုစီလာမီ ပရိုင်ဗာ့တ် က ပြောသည်။

မုန်တိုင်းဒဏ်သင့်ဒေသများရှိ ပြည်သူများကို လိုအပ်သည့် အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း အစိုးရက ထုတ်ဖော်ပြောကြားထားသည်။

မုန်တိုင်းကြောင့် ကျင်းပရန် စီစဉ်ထားသည် အထွေထွေရွေးကောက်ပွဲများကိုလည်း ရွှေ့ဆိုင်းထားလိုက်ရသည်ဟုလည်း သိရသည်။

ယခုအခါ မုန်တိုင်းသည် အမေရိကန်နိုင်ငံဘက်ဆီသို့ ဦးတည်ရွေ့လျားသွားခဲ့ပြီဖြစ်ရာ ယင်းနိုင်ငံ ဖလော်ရီဒါနှင့် တောင်ကယ်ရိုလိုင်းနားတို့အတွက် သမ္မတအိုဘားမားက အရေးပေါ်ကြေညာချက် ထုတ်ပြန်သတိပေးထားရသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required