ခြေချင်းဝတ် ဒဏ်ရာကြောင့် Summer Sixteen ကမ္ဘာလှည့် ဖျော်ဖြေပွဲများကို ရွှေ့ဆိုင်းလိုက်ရတဲ့ ဒရေ့ခ်

ခြေချင်းဝတ် ဒဏ်ရာကြောင့် Summer Sixteen ကမ္ဘာလှည့် ဖျော်ဖြေပွဲများကို ရွှေ့ဆိုင်းလိုက်ရတဲ့ ဒရေ့ခ်

လော့စ်အိန်ဂျလိစ် ၊ အောက်တိုဘာ ၆ ။                    ။ ကနေဒါ ရက်ပါ ဒရေ့ခ်သည်  မကြာသေးမီက ဖြစ်ပွားခဲ့သော ခြေချင်းဝတ် ဒဏ်ရာကြောင့်  လက်ရှိကျင်းပ ပြုလုပ်နေသော Summer Sixteen ကမ္ဘာလှည့် ဖျေ်ာဖြေပွဲ၏   ဖျော်ဖြေပွဲများကို   ရွှေ့ဆိုင်းသွားမည်ဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အောက်တိုဘာ ၉ ရက် ညတွင် တိုရွန်တိုမြို့၌ ကျင်းပပြုလုပ်မည့် ဖျော်ဖြေပွဲကို ရွှေ့ဆိုင်းခဲ့သော်လည်း အောက်တိုဘာ ၈ ရက် ည ဖျော်ဖြေပွဲကို စီစဉ်ထားသည့်အတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း  Lvie Nation ကုမ္ပဏီက  CBC သတင်းဌာနကို ပြောကြားခဲ့သည်။

အောက်တိုဘာ ၉ ရက် ဖျော်ဖြေပွဲအတွက် ပြန်လည်ကျင်းပပေးမည့်ရက်ကို ယခုအချိန်ထိ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။ လက်မှတ်ဝယ်ထား သူများသည် နောက်ထပ်လုပ်ဆောင်မည့် အကြောင်းအရာများနှင့် ငွေပြန်အမ်းပေးသွားမည့် အကြောင်းအရာများ ပါဝင်သော အီးမေးလ်ကို ရရှိမည်ဖြစ်ကြောင်း  Live Nationက ပြောကြားသည်။

ဖျော်ဖြေပွဲ ရွှေ့ဆိုင်းခဲ့သည့် မြို့များတွင် ၎င်း၏ မွေးရပ်မြေ တိုရွန်တိုမြို့အပြင် ဖီးလစ်ဒါဖီအာမြို့လည်း ပါဝင်ကြောင်း ဒရေ့ခ်က ပြောကြားသည်။ ဒရေ့ခ်သည် နီဝပ်ခ်မြို့တွင် စီစဉ်ထားသည့်   ဖျော်ဖြေပွဲ   နှစ်ခုအနက် တစ်ခုကို စီစဉ်ထားသည့်အတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

“ ကျွန်တော် ဖျော်ဖြေပွဲ ရွှေ့ဆိုင်းလိုက်တယ်လို့ ပြောရတာကို မုန်းမိပါတယ်။ ဒါပေမဲ့ ဆရာဝန်ရဲ့ ညွှန်ကြားချက်အရ  ခြေချင်းဝတ် ပြန်ကောင်းလာဖို့အတွက် ကျွန်တော်  အနားယူရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဖျော်ဖြေပွဲတွေကို ရွှေ့ဆိုင်းလိုက်ရတာ ဖြစ်ပါတယ်။”ဟု ဒရေ့ခ်က  ၎င်း၏ ဝက်ဆိုဒ်စာမျက်နှာတွင် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required