တိုင်ဖုန်းမုန်တိုင်း Chabaသည် တောင်ကိုရီးယားကို တိုက်ခတ်အပြီး ဂျပန်သို့ဦးတည်

တိုင်ဖုန်းမုန်တိုင်း Chabaသည် တောင်ကိုရီးယားကို တိုက်ခတ်အပြီး ဂျပန်သို့ဦးတည်

တောင်ကိုရီးယား၊ အောက်တိုဘာ ၆။            ။ တောင်ကိုရီးယားနိုင်ငံတွင် တိုင်ဖုန်းမုန်တိုင်း Chaba ဝင်ရောက်မှုကြောင့် လေပြင်းများတိုက်ခတ်ကာ မိုးသည်းထန်စွာ ရွာသွန်းပြီး အနည်းဆုံး လူငါးဦးသေဆုံးခဲ့သည်။

၎င်းမုန်တိုင်းကြောင့် ဘူဆန်နှင့် အူဆန်တောင်ပိုင်းမြို့များမှာ အဆိုးရွားဆုံး ထိခိုက်ခဲ့သည့်အပြင် ဂျယ်ဂျူကျွန်းရှိ အပန်းဖြေစခန်းများတွင်လည်း သက်ရောက်မှုရှိခဲ့သည်။

လက်တလောတွင် သယ်ယူပို့ဆောင်ရေး၊ ကျောင်းများ၊ စက်ရုံများနှင့် နိုင်ငံ၏ အဓိက ဆိပ်ကမ်းများကို ရပ်ဆိုင်းထားလိုက်ရပြီး မြို့တွင်းလမ်းများတွင် ရွံ့များပြည့်နေသော ရေများဖုံးလွှမ်းနေကြောင်း သိရသည်။

အဆိုပါမုန်တိုင်းသည် ဂျပန်နိုင်ငံကို ဦးတည်ရွေ့လျားနေသည့်အတွက် မိုးလေဝသသတင်းဋ္ဌာနက သတိပေးချက်များ ထုတ်ပြန်ထားပြီး လေကြောင်းခရီးများကိုလည်း ဖျက်သိမ်းခဲ့သည်။
Chabaတိုင်ဖုန်းမုန်တိုင်း တိုက်ခတ်နေစဉ်အတွင်း လူငါးဦးပျောက်ဆုံးနေပြီး ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသော အူဆန်မှ မီးသတ်သမားတစ်ဦးပါဝင်ကြောင်း သတင်းရရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly