နိုင်ငံ၏ အကြမ်းဖက်မှု နှိမ်နင်းရေး လုပ်ငန်းထဲတွင် တူရကီ ၀င်မစွက်ဖို့ အီရတ် သတိပေး

နိုင်ငံ၏ အကြမ်းဖက်မှု နှိမ်နင်းရေး လုပ်ငန်းထဲတွင် တူရကီ ၀င်မစွက်ဖို့ အီရတ် သတိပေး

အောက်တိုဘာ ၅ ။                            ။ နိုင်ငံမြောက်ပိုင်းတွင် ရောက်နေသော တူရကီတပ်များ အမြန်ဆုံး ဆုတ်ခွာရန်နှင့် အကယ်၍ ဆက်ရှိနေမည် ဆိုပါက ဒေသတွင်း စစ်ပွဲတစ်ရပ်ဆီသို့ ဦးတည်သွားနိုင်ကြောင်း အီရတ်အစိုးရက သတိပေးပြောကြားလိုက်သည်။ နိုင်ငံတွင် အစ္စလမ္မစ် စစ်သွေးကြွအဖွဲ့ကို နှိမ်နင်းရန် တူရကီတပ်များ ဆက်ရှိနေသည့်အပေါ် အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါအယ်လ် အဘာဒီက အထက်ပါအတိုင်း သတိပေးပြောကြားလိုက်ခြင်းဖြစ်သည်။

အီရတ်နှင့် ဆီးရီးယားရှိ အိုင်အက်စ်တပ်ဖွဲ့များကို ချေမှုန်းရန် အီရတ်တွင် တပ်ဖွဲ့ဝင်များ နောက်ထပ်တစ်နှစ် ဆက်ရှိရေးကို တူရကီပါလီမန်က ဆုံးဖြတ်ချက်ချထားခဲ့ခြင်းဖြစ်သည်။

" ကျွန်တော်တို့ နိုင်ငံအရေးကိစ္စမှာ ဝင်မစွက်ဖို့ တူရကီဘက်ကို ပြောထားတာ တစ်ခါနှစ်ခါ မကတော့ဘူး၊ ဒီလိုသာ ဆက်လုပ်နေရင် ဒါမျိုးက ဒေသတွင်းစစ်ပွဲတောင်ဖြစ်သွားနိုင်ပါတယ်၊ သူတို့   ခေါင်းဆောင်တွေရဲ့ လုပ်ရပ်က လက်ခံနိုင်စရာအကြောင်းမရှိပါဘူး၊ ပြောချင်တာက ကျွန်တော်တို့ သူတု့ိနဲ့ ထိပ်တိုက်မတွေ့ချင်ပါဘူး" ဟု အီရတ်ဝန်ကြီးချုပ်က ပြောသွားသည်။

အီရတ်နှင့်ဆီးရီးယားရှိ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ရန် အီရတ်တပ်များကို လေ့ကျင့်သင်ကြားပေးရန်နှင့် လက်နက်တပ်ဆင်ပေးရေး နိုင်ငံတကာစစ်ရေးတာဝန်တွင် တစ်ထောင့်တစ်နေရာ က ပါဝင်ကာ တပ်များကို ချထားပေးခဲ့ခြင်း ဖြစ်ကြောင်း တူရကီဘက်က ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required