ရှာရာပိုဗာရဲ့ ပြစ်ဒဏ်အား နိုင်ငံတကာ အားကစားခုံရုံးက လျော့ချပေး

ရှာရာပိုဗာရဲ့ ပြစ်ဒဏ်အား နိုင်ငံတကာ အားကစားခုံရုံးက လျော့ချပေး
(ဓာတ်ပုံ - အီးပီအေ)

Meldonium လို့ခေါ်တဲ့ တားမြစ်ဆေး သုံးစွဲမှု ပြဿနာကြောင့် ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၈ ရက်မှစ (၂)နှစ် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံထားရတဲ့ တင်းနစ်မယ် မာရီယာ ရှာရာပိုဗာရဲ့ ပြစ်ဒဏ်အား နိုင်ငံတကာ အားကစားခုံရုံး Court of Arbitration for Sport (CAS) မှ (၁၅) လထိ လျော့ချပေးလိုက်ပါတယ်။

ယခုလို လျော့ချပေးလိုက်တဲ့အတွက် ဇန်နဝါလကတည်းက ပြိုင်ပွဲကစားခွင့် မရတော့တဲ့ ယခင် ကမ္ဘာ့အဆင့် (၁) ရုရှားတင်းနစ်မယ်ဟာ ၂၀၁၇ ခုနှစ်၊ ဧပြီလမှာ ပွဲပယ်ပြစ်ဒဏ်စေ့မှာဖြစ်ပါတယ်။

အသက် (၂၉) နှစ်အရွယ်ရှိ ရှာရာပိုဗာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ကျင်းပခဲ့တဲ့ သြစတြေးလျအိုးပင်းပြိုင်ပွဲမှာ တားမြစ်ထားတဲ့ Meldonium ဆေးဝါးများ သုံးစွဲခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့တာကြောင့် (၂) နှစ်ပွဲပယ် ပြစ်ဒဏ်ခံရတာဖြစ်ပါတယ်။

အဆိုပါ Meldonium ဆေးဟာ သွေးလည်ပတ်မှု အားကောင်းဆေးပြီး နှလုံးရောဂါသမားများနှင့် ရင်ဘတ်အောင့်သူများ သောက်သုံးတဲ့ ဆေးဖြစ်ပါတယ်။ အားကစားသမားများအတွက် ပိုမိုအမောခံနိုင်စေပြီး ကြွက်သားများကို အားကောင်းစေတဲ့ ဆေးလည်းဖြစ်ပါတယ်။

ရှာရာပိုဗာဟာ ဂရင်းစလင်းချန်ပီယံဆုကို ခြောက်ကြိမ်အထိ ရရှိခဲ့ဖူးပြီး ကမ္ဘာ့အဆင့်တစ်နေရာကိုလည်း ရရှိခဲ့ဖူးပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required