ကမ္ဘာ့အကောင်းဆုံး ဘောလုံးကစားသမားတွေရဲ့ အဆင့်အတန်းကို ရောက်ဖို့ ဂရစ်ဇ်မန်း မျှော်လင့်

ကမ္ဘာ့အကောင်းဆုံး ဘောလုံးကစားသမားတွေရဲ့ အဆင့်အတန်းကို ရောက်ဖို့ ဂရစ်ဇ်မန်း မျှော်လင့်
(ဓာတ်ပုံ - အီးပီအေ)

အက်သလက်တီကိုအသင်းရဲ့ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဂရစ်ဇ်မန်းက သူ့အနေနဲ့ မက်ဆီ၊ စီရော်နယ်လ်ဒိုနှင့် နူအာတို့လို စူပါစတားအဆင့်မျိုး ရောက်လိုတယ်လို့ ပြောဆိုလိုက်ပါတယ်။

ဂရစ်ဇ်မန်းက "ကျွန်တော့် အနေနဲ့ သူတု့ိရဲ့ အဆင့်အတန်းကို ရောက်ရှိဖို့ အထူးသဖြင့် ဆုဖလားအောင်မှုတွေ လိုအပ်ပြီး ဒါတွေက တဖြည်းဖြည်း နီးစပ်လာစေမယ်လို့ ယုံကြည်ကြောင်း" အင်္ဂါနေ့က ပြင်သစ်သတင်းစာ L'Equipe နဲ့ အင်တာဗျူးမှာ ဖော်ပြထားပါတယ်။

သူ့ကို အထောက်အပံ့ပေးနေတဲ့ အက်သလက်တီကို နည်းပြနှင့် ပြင်သစ်နည်းပြ နှစ်ဦးစလုံးကိုလည်း အသက်(၂၅)နှစ်အရွယ်ရှိ ဂရစ်ဇ်မန်းက ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

ပြီးခဲတဲ့ ၂၀၁၆ ဥရောပချန်ပီယံပြိုင်ပွဲက သူ့ကို လွတ်လွတ်လပ်လပ် ကစားဖို့ ယုံကြည်မှု အများကြီးပေးခဲ့တယ်လို့ ဂရစ်ဇ်မန်းက ဆိုပါတယ်။

ဂရစ်ဇ်မန်းဟာ ယခုနှစ်အတွင်း အက်သလက်တီကိုအသင်းမှာ ခြေစွမ်းပြနေသလို ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ ယူရို ၂၀၁၆ မှာ ဂိုး (၆) ဂိုးသွင်းယူကာ စွမ်းဆောင်နိုင်ခဲ့မှုတွေကြောင့် FIFA Ballon d'Or ဆုကို ရရှိရန်ရေပန်းစားနေသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီ သူ့ရဲ့ လိဂ်သွင်းဂိုး (၃၂) ဂိုးက အက်သလက်တီကို,ကို လာလီဂါမှာ အဆင့် (၃) နေရာအထိ ရောက်ရှိအောင် ကူညီနိုင်ခဲ့သလို ယခုရာသီမှာလဲ ဂရစ်ဇ်မန်ဟာ သွင်းဂိုး (၆)ဂိုးထိ ရရှိထားပြီး အသင်းဟာ လက်ရှိ လာလီဂါ ဇယားထိပ်ကနေ ဦးဆောင်နေပါတယ်။

Ref; EFE_EPA, Skysports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags