စပိန်လက်ရွေးစင်အသင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဟာရဲရားရွေးချယ်ခံရ

စပိန်လက်ရွေးစင်အသင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဟာရဲရားရွေးချယ်ခံရ

အောက်တိုဘာ ၄၊ စပိန်။             ။ လာမည့်ကမ္ဘာ့ခြေစစ်ပွဲများအတွက် စပိန်လက်ရွေးစင်အသင်းတွင်ရွေးချယ်ခံထားရသည့် ဟာရဲရားသည် ပထမဆုံးနိုင်ငံတကာပွဲ ကစားခွင့်ရရန် အခွင့်အရေးရနေပြီဖြစ်သည်။

စပိန်ယူ-၂၁ နှင့် ယူ-၂၃ ကစားသမားဟောင်း မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဟာရဲရားသည် လက်ရွေးစင်အသင်းကြီး တွင်မူ တစ်ကြိမ်မှရွေးချယ်ခြင်းမခံရသေးသူဖြစ်သည်။

သို့သော် လက်ရှိရာသီပရီးမီးယားလိဂ်တွင်ပြသနေသောခြေစွမ်းကြောင့် ဟာရဲရားကို စပိန်နည်းပြလာပက်ဂူက အီတလီ၊ အယ်လ်ဘေးနီးယားတို့နှင့်ပွဲအတွက် စပိန်အသင်းလူစာရင်းတွင် ထည့်သွင်းရွေးချယ်ထားသည်။

ဟာရဲရားသည် အရန်ခုံတွင် အစောပိုင်းရက်သတ္တပတ်အနည်းငယ်ခန့် အချိန်ကုန်ခဲ့ရပြီးနောက် မော်ရင်ဟို၏ ပွဲထွက် ၁၁ ယောက်စာရင်းတွင်ပါဝင်လာပြီး   ပေါ့ဂ်ဘာနှင့်တွဲဖက်ကာ   ခြေစွမ်းပြနေသူဖြစ်သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required