Mission: Impossible – Rogue Nation ဇာတ်ကား အရောင်းမြှင့်တင်ရေးအတွက် ကိုရီးယားသို့ အလည်ပတ် သွားရောက်မည့် တွမ်ခရုစ်

Mission: Impossible – Rogue Nation ဇာတ်ကား အရောင်းမြှင့်တင်ရေးအတွက် ကိုရီးယားသို့ အလည်ပတ် သွားရောက်မည့် တွမ်ခရုစ်

ဆိုးလ်၊ ဇူလိုင် ၁၄ ။       ။ ဟောလိဝုဒ် အကျော်အမော် တွမ်ခရုစ်သည် မကြာမီ ထုတ်လွှင့်ပြသမည့် Mission: Impossible – Rogue Nation ဇာတ်ကားအရောင်းမြှင့်တင်ရေးအတွက် ယခုလကုန်တွင် တောင်ကိုရီးယားနိုင်ငံသို့ အလည် အပတ်သွားရောက် မည်ဖြစ်သည်။

Mission: Impossible – Rogue Nation ဇာတ်ကား အပိုင်း ၅ တွင် တွမ်ခရုစ်သည် အီသန်ဟန့်အဖြစ် သရုပ်ဆောင်ထားပြီး တွမ်ခရုစ်နှင့် ၎င်း၏ သူလျှိုလုပ်ဖော်ကိုင်ဖက်များက မစ်ရှင်အတွက် နိုင်ငံတကာ အကြမ်း ဖက်သမားအဖွဲ့တစ်ဖွဲ့ကို တိုက်ခိုက်သည့် အကြောင်းကို ပုံဖော်ရိုက်ကူးထားသည်။

အသက် ၅၃ နှစ်အရွယ်ရှိ တွမ်ခရုစ်သည် ဇူလိုင် ၃၀ ရက်၊ နံနက် ၁၁ နာရီတွင် Intercontinental ဟိုတယ်၏ Grand Ballroom တွင် သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်သွား မည်ဖြစ်ပြီး ညနေ ၆ နာရီခွဲ အချိန်တွင် Lotte World ခန်းမ၌ ပရိသတ် များနှင့်တွေ့ဆုံ သွားမည်ဖြစ်သည်။

အဆိုပါ ခရီးစဉ်သည် ကိုရီးယားနိုင်ငံသို့ လာရောက်သည့် တွမ်ခရုစ်၏ သတ္တမမြောက် ခရီးစဉ် ဖြစ်လာ မည်ဖြစ်သည်။

တွမ်ခရုစ်သည် ၂၀၁၃ ခုနှစ်က  Jack Reacher ဇာတ်ကား အရောင်းမြှင့်တင်ရေးအတွက် ကိုရီးယားနိုင်ငံ သို့နောက်ဆုံးရောက် ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required