အမေရိကန်ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး မြန်မာနိုင်ငံသို့ လာရောက်

အမေရိကန်ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး မြန်မာနိုင်ငံသို့ လာရောက်
Deputy Commander, U.S. Pacific Command Anthony G. Crutchfield. Photo: pacom.mil

အမေရိကန် ပစိဖိတ်စစ်တိုင်း လက်ထောက်စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Anthony G. Crutchfield သည် မြန်မာအစိုးရတာဝန်ရှိသူများ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့်   မြန်မာလူငယ်များနှင့်   တွေ့ဆုံရန် အောက်တိုဘာ ၃ ရက်မှ ၅ ရက်အထိ ခရီးစဉ်အဖြစ် လာရောက်ပြီဖြစ်သည်။

၎င်း၏ လာရောက်လည်ပတ်မှုသည် အမေရိကန်စစ်ရေးဆိုင်ရာ အရာရှိကြီးများနှင့် မြန်မာတာဝန်ရှိသူများကြား ဆက်ဆံရေးအတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်သကဲ့သို့ အမေရိကန်၏ အရပ်ဖက်-စစ်ဖက်ဆက်ဆံရေးနှင့် ပတ်သက်ပြီး ၎င်း၏ အမြင်သဘောထားများကို ဆွေးနွေးဖလှယ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံက တံခါးဖွင့်လှစ်ပြီး ကုန်လွန်ခဲ့သည့် ငါးနှစ်အတွင်း အမေရိကန်သည် သမ္မတအိုဘားမားလာရောက်ခြင်း၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန် လာရောက်လည်ပတ်ခြင်းတို့နှင့် အတူ အိုဘားမား၏ အရှေ့ဗဟိုပြုခြင်း မဟာဗျူဟာအရ မြန်မာနှင့် ဆက်ဆံရေးများ ဖော်ဆောင်လာခဲ့သည်။

အမေရိကန်က မြန်မာနိုင်ငံ၏ လျှောက်လှမ်းလျက်ရှိသော ဒီမိုကရေစီအသွင်ကူးပြောင်းမှုအား ထောက်ခံအားပေးလျက်ရှိပြီး မကြာမီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်သို့ ရောက်ရှိချိန်က မြန်မာနိုင်ငံ၏ ရှေ့ဆက်လုပ်ငန်းစဉ်များအတွက် အဓိကစီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများအား ရုပ်သိမ်းမည်ဟု ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required