ရန်ကုန်တိုင်းဒေသကြီး၌ ရှစ်လအတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ရ၀၀ ကျော်ဖော်ထုတ်ဖမ်းဆီး

ရန်ကုန်တိုင်းဒေသကြီး၌ ရှစ်လအတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ရ၀၀ ကျော်ဖော်ထုတ်ဖမ်းဆီး
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ရဲဌာန၏ တရားဥပဒေစိုးမိုးရေးစီမံချက်အရ ယခုနှစ်၏ ပထမရှစ်လအတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၇၀၀ ကျော် ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း   နိုင်ငံပိုင်သတင်းတွင် အောက်တိုဘာ ၃ ရက်က ဖော်ပြသည်။

ဖမ်းဆီးရမိသော အမှုများမှာ ဘိန်းဖြူ၊ ယာဘဆေးပြားနှင့် အခြားဓာတုဆေးဝါးများ မှောင်ခိုရောင်းဝယ်ခြင်းများပါဝင်သည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာ ဥပဒေအရ တရားခံများအဖြစ် စုစုပေါင်း ၉၉၃ ဦးဖမ်းမိရာတွင် အမျိုးသမီးတရားခံက ၁၀၀ ဖမ်းဆီးခဲ့ရပြီး တန်ဖိုးအားဖြင့် ကျပ်ငွေ ၂၃ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁၈ ဒဿမ ၂၈ သန်း)ဖိုး ဖမ်းဆီးရမိကာ ဒေသအာဏာပိုင်များက အဆိုပါ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးခဲ့သည်။

ယခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ တရားမဝင်မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချသည့် အမှုပေါင်း ၁၀၀၀ နီးပါးကို ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required