“မလိုချင်ဘူးစစ်” ကို Music Video အဖြစ် ထည့်ထားသည့် နီနီခင်ဇော်၏ အနီရောင် တေးအယ်ဘမ် ဇူလိုင် ၁၉ တွင် ထွက်မည်

“မလိုချင်ဘူးစစ်” ကို Music Video အဖြစ် ထည့်ထားသည့် နီနီခင်ဇော်၏ အနီရောင် တေးအယ်ဘမ် ဇူလိုင် ၁၉ တွင် ထွက်မည်

ရန်ကုန်၊ ဇူလိုင် ၁၄ ။   ။ အဆိုတော် နီနီခင်ဇော်၏ အနီရောင်ဟု အမည်ပေးထားသည့် ဒုတိယမြောက် တစ်ကိုယ်တော် အခွေကို ဇူလိုင် ၁၉ ရက်တွင် Bo Bo Music Production မှ ဖြန့်ချိမည်ဖြစ်ပြီး အခွေထွက်ရှိသည့် နေ့တွင် Lazy Club Band နှင့်အတူ Mini Concert ပြုလုပ်ပြီး ဖျော်ဖြေမည် ဖြစ်သည်။

အနီရောင် အခွေထွက်ရှိမည့်အကြောင်း စာနယ်ဇင်းများနှင့် မိတ်ဆက်ပေးသည့် အခမ်းအနား ကို ဇူလိုင် ၁၄ ရက်တွင် ရန်ကုန်မြို့ ရှိ Central Hotel ၌ ပြုလုပ်ခဲ့သည်။

အနီရောင်တေးအယ်ဘမ်တွင် ကိုယ်ပိုင်သံစဉ် တေးသီချင်း ၁၂ပုဒ် ပါဝင်ပြီးတေးရေး ဆရာများအဖြစ်ရွှေဂျော်ဂျော် ၊ဆောင်းဦးလှိုင်၊ ဇဝါ၊ ဝေလ၊ဆလိုင်း၊ ကိုထက်၊ Lil'Z(MJN)၊သော်မိုးစက် တို့က ပါဝင်ရေးသား ထားပြီး Featuring အဆိုတော်များ အဖြစ်ဝေလနှင့် Lil'Z(MJN) တို့က ပါဝင်သီဆိုပေးထားသည်။

နီနီခင်ဇော်က “ ဒီအခွေကို နီနီ တစ်နှစ်လောက် အချိန်ယူပြီး စီစဉ်ထားပါတယ်။ အခု ၂၀၁၅ မှာ နီနီ ပရိသတ်တွေကို ပေးချင်တဲ့ message အားလုံး နီနီ ဆိုချင်တဲ့ မြူးဇစ်တွေ အကုန်လုံး ပရိသတ် ကြိုက်လောက်မယ့် မြူးဇစ်တွေလည်း ထည့်ထားပါတယ်။ အရင် အခွေတွေနဲ့ မတူတဲ့ ရသကို ခံစားရမှာပါ” ဟု မဇ္ဈိမကို ပြောသည်။

ထို တေးအယ်ဘမ်တွင် Pop၊ Dance၊ Modern Country စသည့် တေးသီချင်း ပုံစံမျိုးတွေ ပါဝင်မည်ဖြစ်ပြီး Lazy Club၊ Runner၊ KGK၊ ချမ်းအေးဝင်း၊ နိုင်ဇော်(Lazy Club)၊ ချမ်းဟိန်းကြွယ် (Violin)၊ စောဂျိမ်း(Cello) တို့က တီးခတ်ပေးထားသည်။

အနီရောင် တစ်ကိုယ်တော် အခွေတွင် တေးသီချင်း ၁၂ ပုဒ်အပြင် ဇူလိုင် ၁၀ ရက်၌ “NiNiKhin Zaw leagcy youtube” မှ လွှင့်တင်ခဲ့သည့် မလိုချင်ဘူး....စစ် Music Video(full version) ကို Bonus music video အဖြစ် ထည့်သွင်းပေးထား မည်ဖြစ် သည်။

မလိုချင်ဘူး.... စစ် သီချင်းကို အဆိုတော် ဝေလနှင့် ကိုထက်တို့ ရေးသားပေးထားပြီး ဒါရိုက်တာ မောင်မောင်သာမြင့်က ရိုက်ကူး ပုံဖော်ထားသည်။ ထို တေးသီချင်းကို “NiNiKhinZawleagcy youtube” မှ လွှင့်တင်ခဲ့သည့်နေ့မှစ၍ ပရိသတ်ကြည့်ရှုမှုများ ခဲ့သည့် တေးသီချင်းတစ်ပုဒ် ဖြစ်သည်။

အနီရောင် တစ်ကိုယ်တော် အခွေကို ဇူလိုင် ၁၉ ရက်တွင် ထွက်ရှိမည်ဖြစ်ပြီး အခွေထွက် ရှိသည့်နေ့တွင် Junction Square Indoor Promotion Area ၌ Promotion ပွဲ ပြုလုပ်မည်ဖြစ်ကာ Lazy Club Music Band နှင့်အတူ Mini Concert အဖြစ် ညနေ ၃ နာရီမှ ၅ နာရီထိ သီဆိုဖျော်ဖြေ တင်ဆက်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required