ဟွာဝေးက ဖြန့်ချိရေးကိုယ်စားလှယ်အဖြစ် KMD ကိုရွေးချယ်

ဟွာဝေးက ဖြန့်ချိရေးကိုယ်စားလှယ်အဖြစ် KMD ကိုရွေးချယ်
 

တရုတ်အခြေစိုက် ဟွာဝေးကုမ္ပဏီက ၎င်း၏ ထုတ်ကုန်သစ်များ ဖြန့်ချိရေးကိုယ်စားလှယ်သစ်နှင့် လုပ်ငန်းများဖြေရှင်းရေး မိတ်ဖက်အဖြစ် အိုင်တီကဏ္ဍတွင် ဦးဆောင်ကုမ္ပဏီဖြစ်သော KMD နှင့် ပူးတွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်း၌ စက်တင်ဘာ ၃၀ ရက်က ဖော်ပြသည်။

ယခုကဲ့သို့ မိတ်ဖက်ပူးပေါင်းမှုသည် အဓိကဈေးကွက်အဖြစ် မြန်မာနိုင်ငံတွင် ဟွာဝေး၏ ဈေးကွက်မဟာဗျုဟာအဖြစ် ဖော်ဆောင်ခြင်းဖြစ်ကြောင်း ဟွာဝေးကုမ္ပဏီက ထုတ်ပြန်သည်။

 ပြီးခဲ့သည့်နှစ်များအတွင်း မြန်မာနိုင်ငံတွင် အိုင်တီကဏ္ဍရုတ်ခြည်းဖွံ့ဖြိုးလာပြီး ဟွာဝေးအတွက် ဈေးကွက်တစ်ခုဖြစ်လာခဲ့သည်။

Credit - Xinhua

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly