ဖွဲ့စည်းပုံကြောင့် တစ်ဦးနှင့် တစ်ဦး သံသယဖြစ်လာနိုင်ဟု ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်ပြော

ဖွဲ့စည်းပုံကြောင့် တစ်ဦးနှင့် တစ်ဦး သံသယဖြစ်လာနိုင်ဟု ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်ပြော

ရန်ကုန်၊ အောက်တိုဘာလ ၁ ။            ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြောင့် ရေရှည်တွင် တစ်ဦးနှင့် တစ်ဦး သံသယများ ဖြစ်လာနိုင်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် (မင်္ဂလာ တောင်ညွှန့် မဲဆန္ဒနယ် အမှတ် ၂) ဦးရန်အောင်က ပြောသည်။

နိုဝင်ဘာလ ၁ ရက်နေ့က  ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ၊ အော့ခစ် ဟိုတယ်တွင်ပြုလုပ်သည့် " တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်တွေ ဘယ်လောက် အလုပ်လုပ်နိုင်ပြီလဲ " ခေါင်းစဉ်ဖြင့် ဒီဗွီဘီ ဒီဘိတ်တွင် မီဒီယာများ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်း ဖြစ်သည်။

" အခုလက်ရှိ ဆိုပါစို့။ ပြည်ထဲရေးရဲ့ ဝန်ကြီးက ကာချုပ်ကနေ ခန့်ထားတာဖြစ်တယ်။ သမ္မတက သူ့ကို တာဝန် ပေးလို့ ရတယ်။ ညွှန်ကြားချက်ပေးလို့ရတယ်။ အမိန့်တွေပေးလို့ရတယ် ဆိုပေမယ့် သူက တိုက်ရိုက်ပေးလို့ရတာ မဟုတ်ဘူး။ ဒီအခြေအနေတွေကို ကျွန်တော်တို့က မီးမောင်းထိုးပြတဲ့ သဘောမျိုး။ ဒါကလည်း ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အ ကန့်အသတ်ပါ "ဟု ၎င်းက ပြောသည်။

လက်ရှိအနေအထားတွင် နိုင်ငံရေး ယဉ်ကျေးမှု စတင်ချိန်ဖြစ်သည့်အတွက် တစ်ဦးနှင့်တစ်ဦး နှစ်ပေါင်းများစွာ ထိ တွေ့ ဆက်ဆံမှု အားနည်းခဲ့သောကြောင့် ရင်းနှီးမှု ပြန်လည်တည်ဆောက်ရန် အချိန် အတိုင်းအတာ တစ်ခုထိ ပေးရဦးမည် ဖြစ်ကြောင်း ဦးရန်အောင်က ဆိုသည်။

" ဒီမိုကရေစီ စံနှုန်းနဲ့ ကြည့်မယ်ဆိုရင် အခုနက အာဏာ အပြည့်အဝမရသေးဘူးလို့ ပြောတာက ပြည်သူလူထု တင် မြှောက်တဲ့ သူတွေက အာဏာအပြည့်အဝမရသေးဘူးဆိုတာ ဒါဟုတ်တယ်လို့   ပြောရမှာ ပါ။ ဒါပေမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ ဘောင်ထဲက ဆိုရင်တော့ တော်တော်များများ လုပ်လို့ရပါတယ်။ သို့သော်လည်း နိုင်ငံရေးအကူး အပြောင်းအကြီး တစ်ခု လုံးကို စဉ်းစားတဲ့အခါမှာ ဒါကတော့ သင့်၏၊ မသင့်၏၊ ဆိုတဲ့ ဆုံးဖြတ်လုပ်ဆောင်ရတာ ဖြစ်တဲ့အတွက် ဒါက သူ့တို့ ကူး ပြောင်းခြင်း တစ်ခုလုံးကို ကြည့်ပြီး အခြေအနေ အရ ဆောင်ရွက်နေရတယ်လို့ ကျွန်တော်တော့ ထင်တယ်"  ဟု နိုင်ငံရေး   လေ့လာသုံးသပ်သူ တစ်ဦးဖြစ်သည့် ဒေါက်တာတင်မောင်သန်းက ပြောသည်။

ထို့ပြင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းမှာ (၂၁)ရာစု ပင်လုံညီလာခံမှ ဖြစ်လာနိုင်ကြောင်း၊ ဖွဲ့စည်းပုံတွင် ပါဝင်သူများ ချမှတ်ထားသည့် ဖြစ်စဉ်အတိုင်းသွားလျှင် ပြင်ဆင်သည့် အဆင့်တစ်ဆင့် ရောက်ရှိနိုင်မည် ဖြစ် ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly