မုံစီး စစ်ဘေးရှောင် ပြည်သူများ ဆန်ထောက်ပံ့မှု ခေတ္တ ရပ်ဆိုင်းခံရ၍ အခက်အခဲဖြစ်နေ

မုံစီး စစ်ဘေးရှောင် ပြည်သူများ ဆန်ထောက်ပံ့မှု ခေတ္တ ရပ်ဆိုင်းခံရ၍ အခက်အခဲဖြစ်နေ

ရန်ကုန်၊ အောက်တိုဘာ ၁ ။                   ။ ရှမ်းပြည်နယ် ကွတ်ခိုင် မြို့နယ်အတွင်းရှိ မုံးစီး စစ်ဘေးရှောင်စခန်းကို မြန်မာ့နှလုံးသား အန်ဂျီအို အဖွဲ့မှ ရိက္ခာ ထောက်ပံ့မှု ခေတ္တရပ်နားထားသောကြောင့် ဆန်အခက်ခဲကြုံနေ တယ်လို့ မုံးစီး စစ်ဘေးရှောင်စခန်းမှ တာဝန်ရှိသူ ဦးဘရမ်နူ က ပြောသည်။

" အဓိက ကတော့ ဆန်ပဲ အခြေခံစားသောက်ကုန်ဖြစ်နေတော့  ဆန်ဖြတ်တောက်မယ်ဆိုတော့ ကျွန်တော်တို့ အတွက် ရေရှည်အတွက်တော့ အများကြီးအခက်ခဲရှိလာနိုင်တယ် " လို့ ၎င်းက ပြောသည်။

မုန်းစီး စစ်ဘေးရှောင် စခန်းသည် မြို့ပေါ်တွင်မဟုတ်ဘဲ ချောင်ကျသည့်နေရာတွင်ရှိပြီး  စစ်ရေးအခြေနေအရ လည်း မကြာခဏ ထိတွေ့မှုတွေ ရှိနေသည့်အတွက် အခြားအဖွဲ့အစည်းများ လက်လှမ်းမမှီနိုင် ကြောင်း၎င်းက ဆိုသည်။

 “ ၀ ရှိတယ်။ ကိုးကန့်ရှိတယ်။ ပလောင်ရှိတယ်၊ ရှမ်းရှိတယ်၊ KIA လည်းရှိတယ်၊ တပ်မတော်လည်းရှိတယ် ဆိုတော့ အိမ်ပြန်ဖို့တော့ အင်မတန်မှ ခဲယဉ်းဦးမယ်လို့မြင်ပါတယ် “ လို့ ၎င်းက ပြောသည်။

မုံးစီး စစ်ဘေးရှောင်စခန်းသည် ရှမ်းပြည်နယ် ကွတ်ခိုင် မြို့နယ်အတွင်းရှိ ပန်ယန်းခါး ကျေးရွာရှိ ခရစ်ယာန် ဘု ရားကျောင်းဝန်းထဲတွင် ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး စစ်ဘေးရှောင် စုစုပေါင်း ၃၇၈ဦး ရှိကြောင်း သိရသည်။

 မြန်မာ့နှလုံးသား အန်ဂျီအို အဖွဲ့က ထောက်ပံ့ပေးနေသည့် စစ်ဘေးရှောင်ပြည်သူ ၃၀၀၀ ခန့်ရှိပြီး လက်ရှိတွင် ရိက္ခာအခက်ခဲရှိသည့်အတွက် ပြည်သူ ၂၇၀၀ ခန့်ကို အကူအညီ ထောက်ပံ့မှု ခေတ္တ ရပ်ဆိုင်းထားခြင်းဖြစ် ကြောင်း မြန်မာ့နှလုံးသားအဖွဲ့မှ ဖြန့်ဝေရေးတာဝန်ခံ ဦးလှစိုင်းက ပြောသည်။

ယင်းကဲ့သို့ ထောက်ပံ့မှု ရပ်ဆိုင်းထားသည့် အခြား စစ်ဘေးရှောင်စခန်းများထဲမှ တစ်ခုဖြစ်သည့် နမ့်ဖက်ကာ စစ်ဘေးရှောင်စခန်း သို့ဆက်သွယ် မေးမြန်းရန်ကြိုးစားသော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

“ ကျွန်တော်တို့က အကြောင်းအမျိုးမျိုးကြောင့် ရိက္ခာပြတ်သွားတာလည်း ရှိတော့ အခုလိုမျိုး ခဏလေး ဖြတ် တာလည်းရှိတာပေါ့လေ။ တမင်တကာတော့ဖြတ်တာမရှိပါဘူး “ လို့ ဦးလှစိုင်းက ပြောဆိုသည်။

ဆန်ထောက်ပံ့မှု ရပ်ဆိုင်းခံထားရသည့် မုံစီး စစ်ဘေးရှောင်စခန်းအနေဖြင့် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းက ထောက်ပံ့ ရန်တင်ပြထားကြောင်းလည်း သိရသည်။

မြန်မာ့နှလုံးသား အန်ဂျီအို အနေဖြင့် ၂၁၀၁၂ ခုတည်းက မိုင်းဝီး၊ နမ့်ဖက်ကာ အပါအဝင် စစ်ဘေးရှောင်စ ခန်း မှ ပြည်သူများကို ထောက်ပံ့နေခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly