တရုတ်အမျိုးသား တစ်ဦးက မိဘနှစ်ပါးကို ပြန်သတ်ထားသည့် အမှုမပေါ်အောင် အိမ်နီးနားချင်း ၁၇ ဦးကို နှုတ်ပိတ် သတ်ဖြတ်

တရုတ်အမျိုးသား တစ်ဦးက မိဘနှစ်ပါးကို ပြန်သတ်ထားသည့် အမှုမပေါ်အောင် အိမ်နီးနားချင်း ၁၇ ဦးကို နှုတ်ပိတ် သတ်ဖြတ်

ပေကျင်း၊ အောက်တိုဘာ ၁ ။                ။ တရုတ်နိုင်ငံ တောင်ပိုင်းက ကျေးရွာတစ်ရွာတွင် အမျိုးသားတစ်ဦးက မိဘနှစ်ပါးကို သတ်ဖြတ်ပြီး ယင်းပြစ်မှုကို ဖုံးကွယ်ထားနိုင်ရေး အိမ်နီးနားချင်း ၁၇ ဦးအား နှုတ်ပိတ် သတ်ဖြတ်ခဲ့သည်ဟု ရဲကပြောကြောင်း နိုင်ငံပိုင ဆင်ဟွာ သတင်းတွင် ဖော်ပြသည်။

စက်တင်ဘာ ၂၈ ရက်က ညနေပိုင်းက ရန်ကျင်ပိုင်ဆိုသည့် လူငယ်ပိုင်းအမျိုးသားက မိဘဖြစ်သူများနှင့် ငွေရေးကြေးရေး ကိစ္စ အငြင်းပွားရာမှ သတ်ဖြတ်ခဲ့ကြောင်း စုံစမ်း စစ်ဆေးမှုအရ သိရသည်။ မိဘများ သေဆုံးမှုအတွက် လူသတ်သမားအဖြစ် သိရှိလာမည်ကို စိုးရိမ်၍ ၎င်းက ရွာတွင်းရှိ အိမ်နီးနားချင်း ၁၇ ဦးကို နှုတ်ပိတ်သည့် အနေဖြင့် သတ်ဖြတ်ခဲ့ကြောင်း ယူနန်ပြည်နယ် ရဲတပ်ဖွဲ့ကို ကိုးကားလျက် ဆင်ဟွာက ဖော်ပြသည်။

အသက် ၂၆ နှစ်ဝန်းကျင်အရွယ် ရန်ကျင်ပိုင်က ရွာသားများကို မည်သို့မည်ပုံ သတ်ဖြတ်ခဲ့ကြောင်းကိုမူ ဆင်ဟွာသတင်း၌ ဖော်ပြထားခြင်း မရှိပေ။

၎င်းသည် ပြစ်မှုကျုးလွန်ပြီး ရွာမှ မိုင် ၁၂၀ ခန့်ဝေးသည့် ပြည်နယ်မြို့တော် ကူမင်းမြို့သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ခြင်း ဖြစ်သည်။ ကျေးရွာရှိ အိမ်များမှ ၎င်းသတ်ဖြတ်ထားသည့် ရုပ်အလောင်းများကို   တွေ့ရှိပြီး နာရီအနည်းငယ်အတွင်း ရန်ကျင်ပိုင်အား ဖမ်းဆီးရမိခြင်းဖြစ်သည်။

ယခုလူသတ်မှုသည် တရုတ်နိုင်ငံအတွင်း နှစ်များစွာအတွင်း လူအမြောက်အမြား သတ်ဖြတ်သည့် လူသတ်မှု တစ်ရပ်လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags