ရခိုင်ကျောင်းသားသမဂ္ဂ ဖွဲ့စည်းမည်

ရခိုင်ကျောင်းသားသမဂ္ဂ ဖွဲ့စည်းမည်

 စစ်တွေ၊ စက်တင်ဘာ ၃၀ ။        ။ ရခိုင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာ အထက်တန်းကျောင်းသားများ အားလုံးစုံ ပါဝင်သည့် သမဂ္ဂတစ်ခုကို ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီ တာဝန်ခံ ကိုဇော် ဇော်ငြိမ်းက ပြောသည်။

“မကြာခင်မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားသမဂ္ဂတွေ အားလုံးပါဝင်တဲ့ ညီလာခံတစ်ခု ပြုလုပ်သွားဖို့ ရှိ ပါတယ်။ အဲဒီညီလာခံမှာ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်တွေကို ချပြနိုင်ဖို့အတွက် ရခိုင် ကျောင်းသားထု တစ် ခုလုံး ကိုယ်စားပြုနိုင်တဲ့ ရခိုင်ပြည် ကျောင်းသားသမဂ္ဂကို ပြန်ဖွဲ့သွားမှာဖြစ်ပါတယ်။” ဟု ၎င်းက ဆိုသည်။

 ရခိုင် ကျောင်းသားသမဂ္ဂကို ၂၀၁၂ ခုနှစ်က စစ်တွေ တက္ကသိုလ်ကျောင်းသား အများစုဖြင့် ယာယီအဖြစ် ဖွဲ့ စည်းခဲ့ပြီး ယခုအခါ တစ်ပြည်နယ်လုံးမှ ကျောင်းသားများပါဝင်နိုင်ရေးနှင့် ၎င်းတို့ကို ကိုယ်စားပြုနိုင်ရေး မျက် နှာစုံညီ အစည်းအဝေးတစ်ရပ် ခေါ်ယူသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

  “သမဂ္ဂရဲ့ အခြေခံမူမှာရှိပါတယ်။ ရခိုင်ပြည်တစ်ခုလုံးမှာရှိတဲ့ ကျောင်းသားလူငယ်တွေအားလုံး စည်းလုံး ညီ ညွှတ်မှု ရရှိစေရေးဆိုတဲ့ မူကို အခြခံပါတယ်။ တခြား တိုင်းရင်းသား ဒေသတွေမှာ ရှိတဲ့ သမဂ္ဂတွေကလည်း လက်ရှိ ကျောင်းသားနိုင်ငံရေး အခင်းအကျင်းအရ မိမိပြည်နယ်မှာ မိမိတို့ရဲ့ ကျောင်းသားသမဂ္ဂဆိုတာ ရှိရမယ် ဆိုတဲ့ မူတစ်ခုကို ချမှတ်ထားပြီး ဖြစ်ပါတယ်။” ကိုဇော်ဇော်ငြိမ်းက ပြောသည်။

 ရခိုင်ပြည်နယ်မှ တက္ကသိုလ်၊ ကောလိပ်ကျောင်းသားများသည် အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးမှ ကျောင်း သားများ ရရှိနေကြသော တန်းတူညီမျှသော ပညာသင်ကြားခွင့်နှင့် အသိအမှတ်ပြု ခံရခြင်းတို့ကို ဆုံးရှုံးနေ ကြောင်း သမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီဝင်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly