ဂျာမနီအနောက်ပိုင်းတွင် ဆေးရုံမီးလောင်၍ နှစ်ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရ

ဂျာမနီအနောက်ပိုင်းတွင် ဆေးရုံမီးလောင်၍ နှစ်ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရ

စက်တင်ဘာ ၃၀ ။           ။ ဂျာမနီနိုင်ငံ အနောက်ပိုင်းရှိ ဆေးရုံတစ်ရုံ၌ စက်တင်ဘာလ ၃၀ ရက်က မီးလောင်မှုဖြစ်ပွားရာ နှစ်ဦးသေဆုံးသွားပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ရဲများက ပြောသည်။

နိုင်ငံအနောက်ပိုင်း ဘိုချမ်မြို့ရှိ ဆေးရုံမီးလောင်ကျွမ်းမှုကို မီးသတ်သမား ၂၀၀ ကျော်ဖြင့် ငြိမ်းသတ်ခဲ့ရသည်ဟု သိရသည်။

မီးသည် ခြောက်လွှာရှိ လူနာခန်းတစ်ခုမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပုံရသည်ဟု ရဲများက ကနဦး ကောက်ချက်ချထားသည်။

မီးလောင်မှုဖြစ်ပွားခဲ့သော ဆေးရုံမှာ လွန်ခဲ့သည့် ၁၈၈၈ ခုနှစ်ကတည်းက တည်ဆောက်ထားခဲ့သော ရှေ့ဟောင်းလက်ရာတစ်ခုဖြစ်ပြီး ယင်းအချိန်က အနီးအနား ရူဟာဒေသမှ ကျောက်မီးသွေးတွင်းမှ ဒဏ်ရာရ လုပ်သားများကို ကုသပေးနိုင်ရန် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required