ကာလ်ဗင်ဟားရစ်နဲ့ သူငယ်ချင်း ဆက်ဆံရေးရှိနေတဲ့ တေလာဆွစ်ဖ်

ကာလ်ဗင်ဟားရစ်နဲ့ သူငယ်ချင်း ဆက်ဆံရေးရှိနေတဲ့ တေလာဆွစ်ဖ်

နယူးယော့ခ် ၊ စက်တင်ဘာ ၃၀ ။                ။ ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဖ်သည် တွမ်ဟစ်ဒဲလ်ဆတန် နှင့် လမ်းခွဲခဲ့ပြီးနောက် ယခုအခါ ရည်းစားဟောင်းဖြစ်သူ စကော့တလန် ဒီဂျေသမား ကာလ်ဗင်ဟားရစ် နှင့် သူငယ်ချင်းအဖြစ် ဆက်လက်ရှိနေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

တေလာသည် ယခုလ အစောပိုင်းက တွမ်ဟစ်ဒဲလ်ဆတန်နှင့် ချစ်ဇာတ်လမ်းကို အဆုံးသတ်ခဲ့ပြီးနောက် ယခုအခါ တေလာ နှင့် ကာလ်ဗင်ဟားရစ်တို့က ၎င်းတို့ နှစ်ဦးသည် အခင်မင် မပျက်သော ဆက်ဆံရေးရှိပြီး တစ်ယောက်နှင့် တစ်ယောက်လည်း စာများ အပြန်အလှန် ပေးပို့နေကြောင်း ပြောကြားခဲ့သည်။

တေလာ နှင့် ကာလ်ဗင်ဟားရစ်တို့က ဖုန်းပြောဆိုခြင်း မရှိကြောင်း နှင့် လူချင်းတွေ့ဆုံခဲ့ခြင်း မရှိသော်လည်း စာများ အပြန်အလှန် ပေးပို့ခြင်း ရှိကြောင်း ပြောကြားခဲ့သည်။ တေလာက ရည်းစားဟောင်းဖြစ်သူ တွမ်ဟစ်ဒဲလ်ဆတန် နှင့်လည်း ကောင်းမွန်သော ဆက်ဆံရေး ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

တေလာနဲ့  သူငယ်ချင်းအဖြစ် ရှိနေတုန်းပဲလားဟု  People  မဂ္ဂဇင်းက တွမ်ဟစ်ဒဲလ်ဆတန်ကို မေးမြန်းခဲ့ရာ တွမ်က“ ဟုတ်ပါတယ် ။ ကျွန်တော်တို့က သူငယ်ချင်းတွေအဖြစ် ဆက်လက် ရှိနေပါတယ်”ဟု ဖြေကြားခဲ့သည်။

တေလာဆွစ်ဖ် နှင့် တွမ်ဟစ်ဒဲလ်ဆတန်တို့သည်  သုံးလကြာ တွဲပြီးနောက် ယခုနှစ် စက်တင်ဘာလ အစောပိုင်းက ၎င်းတို့၏ ချစ်ဇာတ်လမ်းကို အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly