အမေရိကန်က နိုင်ဂျာတွင် လေတပ်စခန်း တည်ဆောက်နေပြီး အာဖရိကရှိ အကြမ်းဖက် အဖွဲ့များကို တိုးမြင့် နှိမ်နင်းသွားမည်

အမေရိကန်က နိုင်ဂျာတွင် လေတပ်စခန်း တည်ဆောက်နေပြီး အာဖရိကရှိ အကြမ်းဖက် အဖွဲ့များကို တိုးမြင့် နှိမ်နင်းသွားမည်

စက်တင်ဘာ ၃၀ ။                 ။ နိုင်ဂျာနိုင်ငံ၌ လေတပ် အခြေစိုက် စခန်းတစ်ခု တည်ဆောက်ရာတွင် ဒေါ်လာ သန်း ၅၀ အသုံးပြုထားပြီး ယင်း စစ်အခြေစိုက် စခန်းဖြင့် ဒရုန်းများ တပ်ချကာ ဒေသတွင်း အကြမ်းဖက်မှုကို တိုးမြင့်တိုက်ဖျက်နိုင်မည်ဟု အမေရိကန်တို့က မျှော်လင့်နေသည်။

နိုင်ဂျာမြို့တော် Niamey တွင်လည်း အမေရိကန်တို့၏ လေတပ်စခန်းတစ်ခု ရှိထားနှင့်ပြီးဖြစ်ကာ ယင်းအခြေစိုက်စခန်းကို ပြင်သစ်၏ အကြမ်းဖက်မှုနှိမ်နင်းရေးတပ်စုနှင့် အတူ မျှဝေအသုံးပြုနေ လျက်ရှိသည်။

အလားတူ တိုက်ခိုက်ရေးဒရုန်းလေယာဉ် MQ-9 Reaper များကိုလည်း ယင်းစခန်းတွင် တပ်ချထားပြီးဖြစ်သည်။

သို့သော် Agadez မြို့လယ်တွင် ရှိသည့် ယင်းစစ်စခန်းသစ်ကြောင့် ဒေသတွင်း အိမ်နီးချင်းနိုင်ငံများရှိ အစ္စလမ္မစ် အစွန်းရောက်အဖွဲ့များကို နှိမ်နင်းရာတွင် ဝါရှင်တန်အတွက်  ဒရုန်းလေယာဉ် အသုံးပြုနိုင်စွမ်းကို တိုးမြင့်စေနိုင်မည်ဖြစ်သည်။ လက်ရှိ အာဖရိဒေသနိုင်ငံဖြစ်သော လစ်ဗျား၊ မာလီနှင့် နိုင်ဂျီးရီးယားတို့ရှိ အစွန်းရောက် အကြမ်းဖက် သမားများကို နှိမ်နင်းနိုင်ရန် ကြိုးပမ်းနေ လျက်ရှိသည်။

ယင်း စစ်စခန်းတည်ဆောက်မှုက အာဖရိကဒေသတွင် အမေရိကန်စစ်တပ်၏ အရေးပါဆုံးတည်ဆောက်မှုတစ်ခုဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ပြီးစီးမည်ဟု မျှော်လင့်ရသည်။

လူလိုက်ပါခြင်းမရှိသော ပျံသန်းရေးလေယာဉ် ဒရုန်းများကို ရန်သူ့အခြေအနေ စောင့်ကြည့်လေ့လာခြင်းနှင့် ဗုံးကြဲခြင်း စသည့် စစ်ဆင်ရေးများတွင် အသုံးပြုလေ့ရှိပြီး ယင်းတို့ကို   လေယာဉ်မှူးဖြင့်   စေလွှတ်ရန် အန္တရာယ်များလွန်းသော စစ်ဆင်ရေးများတွင် အဓိကအသုံးပြုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required