ဇီကာဗိုင်းရပ်စ်ကြောင့် ကိုယ်ဝန်ဆောင်များ ခရီးမသွားသင့်သည့် နိုင်ငံများစာရင်းတွင် မြန်မာပါ၀င်နေ

ဇီကာဗိုင်းရပ်စ်ကြောင့် ကိုယ်ဝန်ဆောင်များ ခရီးမသွားသင့်သည့် နိုင်ငံများစာရင်းတွင် မြန်မာပါ၀င်နေ

စက်တင်ဘာ ၃၀ ။              ။ လတ်တစ်လောတွင် ဇီကာဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်ကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ခရီးမသွားသင့်သည့် အရှေ့တောင်အာရှနိုင်ငံများစာရင်းကို အမေရိကန်ကထုတ်ပြန်လိုက်ရာတွင် မြန်မာနိုင်ငံလည်း ပါဝင်နေလျက်ရှိသည်။

ဗိုင်းရပ်စ်ပိုးကူးစက်ခံရနိုင်ချေ ရှိသဖြင့် အရှေ့တောင်အာရှဒေသနှင့် မော်လ်ဒိုက်နိုင်ငံသို့ မလိုအပ်ဘဲ ခရီးမသွားကြရန်  အမေရိကန် ကျန်းမာရေး တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင်များအား သတိပေးခဲ့သည်ဟု ဆိုသည်။

အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ CDC က ထုတ်ပြန်လိုက်သော ၁၁ နိုင်ငံစာရင်းတွင် မြန်မာ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မော်လ်ဒိုက် ၊ ဖိလစ်ပိုင်၊ ထိုင်း၊ တီမော နှင့် ဗီယက်နမ် တို့ ပါဝင်နေသည်။

စက်တင်ဘာ ၂၉ ရက်က CDC က ထုတ်ပြန်လိုက်သော အကြံပြုချက်တွင် အထက်ပါအရှေ့တောင်အာရှနိုင်ငံများသို့ သွားရောက်ရန် စီစဉ်ထားသည့် ခရီးစဉ်များကို မလိုအပ်ဘဲ ရွှေ့ဆိုင်းဖျက်သိမ်းလိုက်ရန်သာ ညွှန်ကြားထားခြင်းဖြစ်သည်။

ဇီကာပိုးကူးစက်မှုများပြားနေသော ဘရာဇီးနှင့် စင်ကာပူ တို့တွင် ထုတ်ပြန်ထားသော အထူးစခရီးသွားသတိပေးချက်မျိုးကဲ့သို့ ယခုအချိန်ထိ အထက်ပါနိုင်ငံများအတွက် ထုတ်ပြန်ရသေးခြင်းမရှိသေးဘဲ အကယ်၍ ဖြစ်ပွားမှုနှုန်း မြင့်တက်လာခဲ့ပါက ယင်းအထူးသတိပေးချက်မျိုး ထုတ်ပြန်ရန် စဉ်းစားသွားမည်ဟု CDC ကထုတ်ပြန်ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required