ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးခဲ့ရသည့် ဘောလုံးသမားအတွက် လက်မှတ်ရေးထိုးထားသည့် သူ၏ ဂျာစီကို မက်ဆီ လှူဒါန်း

ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးခဲ့ရသည့် ဘောလုံးသမားအတွက် လက်မှတ်ရေးထိုးထားသည့် သူ၏ ဂျာစီကို မက်ဆီ လှူဒါန်း

စက်တင်ဘာ ၃၀၊ စပိန် ။               ။ ကားမတော်တဆမှုဖြစ်ပြီး ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးခဲ့ရသည့် အပျော်တမ်းကလပ် ဘောလုံးသမား တစ်ဦးအတွက် မက်ဆီက သူ၏လက်မှတ် ရေးထိုးထားသော ဘာစီလိုနာအသင်း ဂျာစီကို လှူဒါန်းခဲ့သည်။

ရှောင်ဝှစ်တာဟု အမည်ရသည့် အဆိုပါ ဘောလုံးသမားသည် Newmarket Town FC ဆိုသည့် အင်္ဂလန် အပျော်တမ်းအသင်းတွင် ကစားနေသူဖြစ်သည်။ ရှောင်သည် သူ၏ သူငယ်ချင်းဖြစ်သူ ဂျိုယေးအပ်ကို ကူညီရင်း ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။ ဂျိုယေးအပ်မှာလည်း ခြေထောက်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

မက်ဆီနှင့် အာဒါတူရန်တို့ နှစ်ဦးမှာ ၎င်းတို့၏ ဂျာစီများကို ရှောင်တို့ သူငယ်ချင်းနှစ်ဦးအတွက် လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။ မက်ဆီတို့နည်းတူ ရွန်နီနှင့် တယ်ရီတို့မှာလည်း ၎င်းတို့၏ ဂျာစီများကို လှူဒါန်းပေးထားကြသည်။

လာမည့် အောက်တိုဘာလ ၉ ရက်နေ့တွင် အဆိုပါ ဂျာစီများကို လေလံ တင်ရောင်းချပြီး ရရှိသည့်ငွေများကို ရှောင်တို့သူငယ်ချင်းနှစ်ဦး ဆေးကုသမှုခံယူရန် လှူဒါန်းပေးမည်ဖြစ်သည်။

ရှောင်သည် ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးခဲ့ရသော်လည်း သူ၏အားကစားဝါသနာကို မစွန့်လွှတ်သေးဘဲ ဘဝကို အရှုံးမပေးသူအဖြစ် ဆက်လက်ရပ်တည်မည့် သူဖြစ်သည်။ ရှောင်က သူ၏အဓိက ရည်မှန်းချက်မှာ ၂၀၂၀ မသန်စွမ်း အိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန်နှင့် လာမည့်နှစ်တွင် ကျင်းပမည့် သူ၏ မင်္ဂလာပွဲတွင် လမ်းလျှောက်နိုင်ရန် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ရည်ညွှန်း ဖောက်စပို့

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required