ရှီမွန်ပီရက်စ်ရဲ့ ရုုပ်ကလပ်အား လူထောင်ပေါင်းများစွာ လာရောက် ဂါဝရပြုရန်ရှိ

ရှီမွန်ပီရက်စ်ရဲ့ ရုုပ်ကလပ်အား လူထောင်ပေါင်းများစွာ လာရောက် ဂါဝရပြုရန်ရှိ
(ဓာတ်ပုံ - အီးပီအေ)

အစ္စရေးနိုင်ငံ သမ္မတဟောင်းနှင့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ရှီမွန်ပီရက်စ်ရဲ့ ရုပ်ကလပ်အား ထောင်ပေါင်းများစွာတဲ့ လူတွေ လာရောက်ဂါဝရပြုရန်အတွက် အစ္စရေးနိုင်ငံ၊ ဂျေရုစလင်မြို့ရှိ လွှတ်တော်အဆောက်အဦး အပြင်ဘက် Knesset မှာ ထားရှိပါတယ်။

အသက် ၉၃ နှစ်အရွယ် ပီရက်စ်ဟာ လေဖြတ်ပြီးနောက် သီတင်းနှစ်ပတ်ခန့်အကြာ စက်တင်ဘာ ၂၈ ရက်နေ့က ကွယ်လွန်သွားတာ ဖြစ်ပါတယ်။

ရှီမွန်ပီရက်စ်ရဲ့ နိုင်ငံတော် ဈာပနအခမ်းအနားအား စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြုလုပ်မှာဖြစ်ပြီး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာ၊ ပါလီမန်နာယက Yuli Edelstein နှင့် အတိုက်အခံခေါင်းဆောင် Itzhak Herzog တို့ တက်ရောက်မှာ ဖြစ်သလို နိုင်ငံတကာမှ ခေါင်းဆောင်များလည်း တက်ရောက်မယ်လို့ သိရပါတယ်။ ဒါ့အပြင် ပုပ်ရဟန်းမင်းကြီးနှင့်တကွ အမေရိကန်သမ္မတ ဘားရက်အိုဘားမားမှလည်း လာရောက် မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

အစ္စရေးသမ္မတ Reuven Rivlin ကလည်း ယူကရိန်းကို သွားရောက်နေတဲ့ ခရီးစဉ်ကို ဖျက်သိမ်းပြီး တက်ရောက်မှာဖြစ်ပါတယ်။

သောကြောနေ့မှာ နိုင်ငံတကာမှ ခေါင်းဆောင်တွေ ဇာပနအခမ်းအနားကို တက်ရောက်မှာကြောင့် လမ်းအများအပြားကို ပိတ်ထားမှာဖြစ်ပြီး ဂျေရုရှလင်နှင့် တဲလ်အဗစ်ကို ဆက်သွယ်ထားတဲ့ အဓိက အဝေးပြေးလမ်းကိုလည်း ပိတ်ထားမှာဖြစ်ပါတယ်။

အဆိုပါ ဈာပနအခမ်းအနားအား အနီးနားမြို့တွေက လူတွေ တက်ရောက်နိုင်ဖို့ အခမဲ့ သယ်ယူပို့ဆောင်မှုတွေ စီစဉ်ပေးမှာဖြစ်ပါတယ်။

ရှီမွန်ပီရက်စ်ဟာ ထင်ရှားတဲ့ နိုင်ငံခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၁၉၉၄ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြား ိငြိမ်းချမ်းရေး သဘောတူညီချက်ရရှိအောင် ဆောင်ရွက်ခဲ့မှုကြောင့် ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။

သူဟာ အစ္စရေးနိုင်ငံရဲ့ (၉) ယောက်မြောက် သမ္မတအဖြစ် ၂၀၀၇ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ တာဝန်ယူခဲ့ပါတယ်။

© EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required