ရိုနယ်လ်ဒိုပိုင် ဂျက်လေယာဉ် ဘာစီလိုနာကို ဆင်းသက်ချိန်မှာ ပျက်ကျ

ရိုနယ်လ်ဒိုပိုင် ဂျက်လေယာဉ် ဘာစီလိုနာကို ဆင်းသက်ချိန်မှာ ပျက်ကျ

ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ရိုနယ်လ်ဒိုရဲ့ ကိုယ်ပိုင် ဂျက်လေယာဉ်ဟာ တနင်္လာနေ့က စပိန်နိုင်ငံ၊ ဘာစီလိုနာရဲ့ အယ်လ် ပရတ်လေဆိပ်ကို ဆင်းသက်စဉ်မှာ ပျက်ကျမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒဏ်ရာရရှိသူ မရှိဘူးလို့ သတင်းများက ဆိုပါတယ်။

ရိုနယ်လ်ဒိုဟာ ပျက်ကျတဲ့ အချိန်မှာ လေယာဉ်ပေါ် ရှိမနေဘဲ ရီးယဲလ်နှင့်အတူ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ (၂-၂) ဂိုးစီ သရေရလဒ်ထွက်ခဲ့တဲ့ ဒေါ့မွန်နဲ့ ပွဲအတွက် ပြင်ဆင်ဖို့ ဂျာမန်မြေကို ရောက်နေချိန်ဖြစ်ပါတယ်။

စပိန်မီဒီယာများရဲ့ ဖော်ပြချက်အရ လေယာဉ်ရဲ့ အဆင်းဂီယာဟာ ပျက်စီးသွားတာကြောင့် လေယာဉ်မောင်း နှစ်ဦးနှင့် ခရီးသည် ရှစ်ဦးပါ လေယာဉ်ဟာ ပြေးလမ်းပေါ်မှာ ထိုးဆင်းခဲ့တယ်လို့ သိရပါတယ်။

ရိုနယ်လ်ဒိုဟာ ယူရို (၁၉) သန်း တန်ဖိုးရှိတဲ့ Gulfstream G200 လေယာဉ်ကို လွန်ခဲ့တဲ့ တစ်နှစ်က ဝယ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် စပိန်မီဒီယာတွေက လေကြောင်းတက္ကစီကုမ္ပဏီတစ်ခုက ရိုနယ်လ်ဒိုပိုင် လေယာဉ်ကို ဌားရမ်းခဲ့တယ်လို့ ဆိုကြပါတယ်။

ဒီလေယာဉ်ကို ရိုနယ်လ်ဒိုက ပိုင်ဆိုင်ကြောင်း တရားဝင် အတည်မပြုနိုင်ပေမယ့် လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကစားသမား ကိုယ်တိုင် တွစ်တာမှာ "Flying with style" စာသားနှင့်အတူ (အမြီးပိုင်းမှာ နံပါတ်တူ) လေယာဉ်ဓာတ်ပုံကို တင်ခဲ့ပါတယ်။

Ref; ESPN FC, stuff

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required