တရုတ် ကျေးလက်ဒေသမှာ လူ (၁၉) ဦးကို သတ်တဲ့ သံသယရှိသူ တစ်ဦးကို ဖမ်းဆီး

တရုတ် ကျေးလက်ဒေသမှာ လူ (၁၉) ဦးကို သတ်တဲ့ သံသယရှိသူ တစ်ဦးကို ဖမ်းဆီး
(ဓာတ်ပုံ - အီးပီအေ)

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တောင်ပိုင်းရှိ ကျေးလက်ဒေသတစ်ခုမှာ လူ (၁၉) ဦးကို သတ်ဖျက်ခဲ့တယ်လို့ သံသယရှိသူ အသက် (၂၇)နှစ်အရွယ် လူတစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ကြာသပတေးနေ့က ဖော်ပြခဲ့ပါတယ်။

ပြည်နယ်မြို့တော် ကူမင်းရဲ့ အရှေ့ဘက် ကီလိုမီတာ (၂၀၀) ခန့် (၁၂၄ မိုင်) အကွာ ဝေးလံခေါင်သီတဲ့ ကျေးလက်ဒေသ ဧရိယာရှိ အိမ်ခြောက်အိမ်ထဲမှာ ကလေးငယ် (၄) ဦးအပါအဝင် လူ (၁၉) ဦးရဲ့ အလောင်းတွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အာဏာပိုင်များက အဆိုပါ အစုလိုက်အပြုံလိုက် လူသတ်မှုကို စုံစမ်းစစ်ပြီးနောက် သံသယရှိတဲ့ လူသတ်သမားကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

စုံစမ်းစစ်ဆေး ကြီးကြပ်ကွပ်ကဲရန် အဖွဲ့တစ်ဖွဲ့စေလွှတ်ထားတယ်လို့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဆိုပါတယ်။

© EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required