တရုတ်တွင် တိုင်ဖုန်းမုန်တိုင်း မက်ဂီ နောက်ဆက်တွဲ မြေပြိုမှုများဖြစ်ပေါ်ခဲ့ပြီး ၃၃ ဦးထက်မနည်း ပျောက်ဆုံးနေ

တရုတ်တွင် တိုင်ဖုန်းမုန်တိုင်း မက်ဂီ နောက်ဆက်တွဲ မြေပြိုမှုများဖြစ်ပေါ်ခဲ့ပြီး ၃၃ ဦးထက်မနည်း ပျောက်ဆုံးနေ

စက်တင်ဘာ ၂၉ ။          ။ တရုတ်နိုင်ငံအရှေ့ခြမ်း ကျေးရွာ နှစ်ခုတွင် မြေပြိုမှုများဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၃၃ ဦး ပျောက်ဆုံးနေကြောင်း စက်တင်ဘာ ၂၉ ရက်က နိုင်ငံပိုင် မီဒီယာတွင် ဖော်ပြသည်။ ယခုအခါ ပျောက်ဆုံးနေသူများကို ရှာတွေ့နိုင်ရေး ကယ်ဆယ်ရေး သမားများ ရွံ့နွံများအကြား ဝိုင်းဝန်းရှာဖွေနေရကြောင်း သိရသည်။

ထိုင်ဝမ်နှင့် တရုတ်နိုင်ငံတို့တွင် ဝင်ရောက်ခဲ့သည့် တိုင်ဖုန်းမုန်တိုင်း မက်ဂီကြောင့် မိုးကြီးပြီး လေပြင်းများ ကျရောက်ခဲ့ရာ စက်တင်ဘာ ၂၈ ရက်နေ့လည်ပိုင်း မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံအရှေ့ပိုင်း ရှုချွန်နှင့် ပေါင်ဖုန် ကျေးရွာများတွင် အဓိက ခံစားခဲ့ရသည်ဟု ဆိုသည်။

စက်တင်ဘာလ ၂၉ ရက် အစောပိုင်းအထိ လူ ၁၃ ဦးကို ကယ်ဆယ် ထားနိုင်ခဲ့သော်လည်း နောက်ထပ် ၃၃ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်။

အလားတူ ရေလွှမ်းမိုးမှုများအတွင်း နေအိမ်အလုံး ၂၀ ခန့် ပျက်စီးသွားကြောင်း သိရသည်။

လက်ရှိအချိန်တွင် တရုတ်အစိုးရအနေဖြင့် ဒေသခံ ၁,၅၀၀ ခန့်ကို ပြန်လည်နေရာချထားပေးမှုများလုပ်ဆောင်ပေးနေပြီး ထိခိုက်ခံဒေသများဆီသို့ ကယ်ဆယ်ရေးသမား ၁,၂၀၀ ကျော်   စေလွှတ် ထားသည်ဟု သိရသည်။ သို့သော် ရေလွှမ်းမိုးမှုများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာနေခဲ့ရပြီး နောက်ထပ်လည်း အသေးစား မြေပြိုမှုဖြစ်စဉ်များ ထပ်ဖြစ်နိုင်သေးကြောင်း သတိပေးမှုများ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required