တိုင်း စည်ပင်ညွှန်ကြားရေးမှူး အပါအဝင် ဧရာဝတီတိုင်း စည်ပင်ဝန်ထမ်း ၄ ဦး သတိပေး လက်မှတ်ထိုးရ

တိုင်း စည်ပင်ညွှန်ကြားရေးမှူး အပါအဝင် ဧရာဝတီတိုင်း စည်ပင်ဝန်ထမ်း ၄ ဦး သတိပေး လက်မှတ်ထိုးရ
ဓာတ်ပုံ - စည်သူမောင်မောင်

ပုသိမ်၊ စက်တင်ဘာ ၂၉ ။                 ။ ဧရာဝတီတိုင်းဒေသကြီး၊ စည်ပင်သာယာရေးဌာနမှ တိုင်းညွန်ကြားရေးမှူး အပါအဝင် စည်ပင်ဝန်ထမ်း ၄ ဦး ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ်ရုံးတွင် စက်တင်ဘာလ၂၈ ရက်နေ့ သတိပေး လက်မှတ်ရေးထိုးခဲ့ရကြောင်း သိရသည်။

"ပထမ အစိုးရက ၃ ထပ်၂၈ ပေ ထက် ပိုမဆောက်ဖို့ညွန်ခဲ့တယ်၊ ကျွန်တော်တို့အစိုးရလက်ထက်လည်း သုံးထပ် ၂၈ ပေ ထက် ပိုမဆောက်ရလို့ညွန်ခဲ့တယ်။ ညွန်တယ်ကြားက ငါးထပ်ဖြစ်သွားတယ်၊ ဒါက စည်ပင်သာယာ ဝန်ထမ်းအဆင့် ဆင့် ကြီးကြပ်ကွပ်ကဲမှု အားနည်းလို့ တာဝန်မကျေလို့ဖြစ်ရတဲ့ ကိစ္စဆိုပြီး စုံးစမ်းစစ်ဆေးအဖွဲ့ဖွဲ့ပြီး အပြစ်ပေးခံရတယ်။ ဝန်ထမ်းတွေမှာ ကြီးကြပ်ကွပ်ကဲမှု ပေါ်လွင်သွားတယ်။ သူတို့ကို ဝန်ကြီးချုပ်ရုံးခန်းမှာ မှတ်တမ်းတင် သတိပေး ခံရတာပေါ့၊ တိုင်းအဆင့်ရယ်မြို့နယ် အဆင့်ရယ်။ ဝန်ထမ်းလေးယောက် အဆောက်အဦး ဆောက်လုပ်တာ ကြီးကြပ်မှု အားနည်းလို့” ဟု စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က မဇ္ဈိမကို အတည်ပြု ပြောသည်။

သတိပေးခံရသူများမှာ တိုင်းညွန်ကြားရေးမှူး၊ မြို့နယ် အလုပ်အမှုဆောင်၊ မြို့နယ် အင်ဂျင်နီယာနှင့် နယ်မြေ အင်ဂျင်နီယာတို့ဖြစ်ပြီး၊ အဆောက်အဦး ဆောက်လုပ်မှုတွင် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုသည့် ထပ်ပိုဆောက်လုပ်ထား သည့်အ တွက် သတိပေးလက်မှတ်ရေးထိုးရခြင်း ဖြစ်သည်။

" အစိုးရက နှစ်ကြိမ်တိုင်တိုင်တားနေတဲ့ကြားက ဆက်ဆောက်တယ်။ ကန်ထရိုက်ကို အရေးယူမှုဆောင်ရွက်မှုများအား တိုင်းအစိုးရ ဆုံးဖြတ်ချက်ချအရေးယူကြောင်း၊ ဝန်ထမ်းများအား ခုမှ သတိပေးလက်မှတ်ထိုးခိုင်းတာ" ဟု ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်က မဇ္ဈိမသို့ အရေးယူဆောင်ရွက်မှုအားပြောသည်။

ပုသိမ်မြို့၊အမှတ် ၅ရပ်ကွက် ထောင်ကုန်းလမ်းရှိ အကျဉ်းထောင်အနီးတွင် ဆောက်လုပ့်နေသည့် အဆောက်အဦးအား ယခင် အစိုးရလက်ထက်တွင် သုံးထပ် ၂၈ပေအထိ ခွင့်ပြုခဲ့ပြီး အစိုးသစ်တွင်လည်း အဆိုပါ သတ်မှတ်ချက် သုံးထပ် ၂၈  ပေသာ ဆောက်လုပ်ခွင့် ပြုထားသော်လည်း အဆောက်အဦးမှာ ၅ ထပ်အထိ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly