စီမံကိန်းကာလကျော်လွန်ကာ ဆီအုန်း မစိုက်ပျိုးသည့် မြေဧက ၃ သိန်းကျော်ကို တိုင်းအစိုးရ ပြန်သိမ်းမည်

စီမံကိန်းကာလကျော်လွန်ကာ ဆီအုန်း မစိုက်ပျိုးသည့် မြေဧက ၃ သိန်းကျော်ကို တိုင်းအစိုးရ ပြန်သိမ်းမည်

ရန်ကုန်၊ စက်တင်ဘာလ ၂၉ ။           ။ တနသာၤရီတိုင်း ဒေသကြီးအတွင်းရှိ ဆီအုန်းစိုက်ပျိုးရေးစီမံကိန်းကို စိုက်ပျိုး ရန် သတ်မှတ်ထားသည့် ၄ နှစ်ကျော်အ တွင်း မစိုက်ပျိုးသည့် မြေဧက ၃ သိန်းကျော်ကို တိုင်းဒေသကြီး အစိုးရမှ ပြန်သိမ်းရန် စီစဉ်နေကြောင်း တနသာၤရီတိုင်း ဒေသကြီး စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်စန်းက မဇ္ဈိမသို့ ပြောသည်။

အစိုးရက ဆီအုန်းစိုက်ပျိုးရန် ချထားပေးသည့် မြေဧကမှာ ၅ သိန်းကျော်ရှိပြီး ယခုစိုက်ပျိုးရန် သတ်မှတ်ကာလ ပြည့် သည့်အတွက် သက်ဆိုင်ရာ မြေစာရင်းဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ဖြင့် ကွင်းဆင်း စာရင်းကောက် သည့်အခါ မြေဧက ၂ သိန်းကျော်သာ စိုက်ပျိုးပြီးစီးပြီး မစိုက်ပျိုးရသေးသည့် မြေဧက ၃ သိန်းကျော်ကို ဥပဒေနှင့် အညီ ပြန်သိမ်း မည် ဖြစ်ကြောင်း ဝန်ကြီး ဦးမြင့်စန်းက ပြောသည်။

" တစ်ချို့ ကုမ္ပဏီတွေဆိုရင် လုံးဝကို မစိုက်ရသေးတာတွေရှိတယ်။ စာချုပ် စည်းကမ်းအရ လည်းကျော်သွားပြီ ဆိုတော့ မစိုက်ရသေးတဲ့ မြေတွေပြန်သိမ်းပြီးတော့ ဒေသခံတွေကို လုပ်နိုင်တဲ့ အတိုင်း အတာတွေ ခွဲပေးမယ်။ တခြားလုပ်ချင်တဲ့ ကုမ္ပဏီတွေရှိရင်လည်း ကျွန်တော်တို့က စီစဉ်ပြီးတော့ ခွင့်ပြုပေး သင့်ရင် ခွင့်ပြုပေးမှာပေါ့။ မြေအလကား မထားတော့ ဘူးပေါ့။" ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မြေနေရာများကို ပြန်သိမ်းရန်အတွက် သက်ဆိုင်ရာ ဗဟိုအစိုးရကို တင်ပြသွားမည်ဖြစ်ပြီး ခွင့်ပြု ချက် ရရှိပါ က ပြန်သိမ်းမည် ဖြစ်ကြောင်းနှင့် အဆိုပါမြေနေရာများတွင် ယခင်က နေထိုင်သူများ ဖြစ်သည့် စစ်ဘေးရှောင် ပြည်သူ များအတွက်လည်း ဥပဒေနှင့် အညီ မြေနေရာများ လုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆို သည်။

"အသေးစိတ်ကတော့ ပြန်ဆွေးနွေးရဦးမှာပေါ့နော်၊ တကယ်လိုအပ်နေတဲ့ ပြည်သူတွေကို နေရာပြန်ချပေးဖို့ အတွက် တော့ ကျွန်တော်တို့ စဉ်းစားနေပါတယ်" ဟု  တနသာၤရီတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောသည်။

စက်တင်ဘာလ ၂၉ရက်၊ ရန်ကုန်မြို့၊ ၃၆လမ်းရှိ မြန်မာဂျာနယ်လစ်ကွန်ရက်တွင် တနင်္သာရီတိုင်း အတွင်း စစ်ပွဲများ ကြောင့် နေရပ်စွန့်ခွာရသူများ၏ လက်ရှိအခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ပတ်သတ်၍ သတင်းစာ ရှင်းလင်းပွဲတွင် ဒေသခံများ၏ပြောဆိုမှုနှင့် ပတ်သက်၍ တနသာၤရီ တိုင်းဒေကြီးအစိုးရအဖွဲ့ ဝန်ကြီးနှစ်ဦးအား မဇ္ဈိမက ဆက်သွယ် မေးမြန်းခဲ့ခြင်းဖြစ်သည်။

၂ဝ၁၂ ခုနှစ် အပစ်ခတ်ရပ်စဲပြီးကာလ တနသာၤရီတိုင်းအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောဟာဗီ၏ ခွင့်ပြုချက်ဖြင့် အနှစ် (၂ဝ) ကျော် စစ်ဘေးရှောင်နေသော ဒေသခံပြည်သူများက မူလ ရွာ ဟောင်း နေရာများသို့ ပြန် လည် ဝင်ရောက်လာသော်လည်း အစိုးရက အဆိုပါမြေနေရာများကို ဆီအုန်း စီမံကိန်း ပြုလုပ်ခဲ့သည့်အတွက် ဒေသ ခံပြည်သူများ အနေဖြင့် နေထိုင်ရန်နှင့် လုပ်ကိုင်စားသောက်ရန်အတွက် အခက်အခဲများ ရှိနေကြောင်း တနသာၤရီ မိတ် ဆွေအဖွဲ့ တာဝန်ခံ ဒေါ်နော်ပီသလော ပြောပြချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly