Park Hyung Sik နဲ့ ပက်ခ်ဘိုယောင်တို့ ဒရမ်မာ ဇာတ်ကားတွင် ခေါင်းဆောင်နေရာမှ ပါ၀င် သရုပ်ဆောင်သွားမည်

Park Hyung Sik နဲ့ ပက်ခ်ဘိုယောင်တို့ ဒရမ်မာ ဇာတ်ကားတွင် ခေါင်းဆောင်နေရာမှ ပါ၀င် သရုပ်ဆောင်သွားမည်

ဆိုးလ်၊ စက်တင်ဘာ ၂၉ ။               ။ တောင်ကိုရီးယားမင်းသား Park Hyung Sik နှင့် မင်းသမီး ပက်ခ်ဘိုယောင်တို့သည် မကြာမီ ထုတ်လွှင့်ပြသမည့်  JTBC ရုပ်သံ၏ ဒရမ်မာဇာတ်ကား “Strong Woman Do Bong Soon” တွင် ခေါင်းဆောင်မင်းသား မင်းသမီးနေရာမှ ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်သည်။

JTBC နှင့် မင်းသား၏ အေဂျင်စီက သရုပ်ဆောင်မည့် သတင်းကို အတည်ပြု ပြောကြားခဲ့သည်။ အဆိုပါ ဒရမ်မာ ဇာတ်ကားကို အောက်တိုဘာလတွင် စတင်ရိုက်ကူး သွားမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ပွဲဦးထွက် ပြသသွားမည်ဖြစ်သည်။ Park Hyung Sik ပါဝင် သရုပ်ဆောင်ထားသော “ Hwarang: The Beginnig” ဒရမ်မာ ဇာတ်ကားကို  KBS ရုပ်သံက ဒီဇင်ဘာလတွင် ပွဲဦးထွက်   ပြသသွားမည်ဖြစ်သည်။

“Strong Woman Do Bong Soon”  ဒရမ်မာဇာတ်ကားကို  “My Love Eun Dong” ဒရမ်မာဇာတ်ကားကို ရေးသားခဲ့သော ဘတ်မီခေါင်က ရေးသားမည်ဖြစ်ပြီး ဒါရိုက်တာ လီဟောင်မင်က ရိုက်ကူးသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly