တေးအယ်လ်ဘမ်သစ် ထွက်တော့မည့် Big Bang

တေးအယ်လ်ဘမ်သစ် ထွက်တော့မည့် Big Bang

ဆိုးလ်၊ စက်တင်ဘာ ၂၉ ။                  ။ တောင်ကိုရီးယား အမျိုးသား အဆိုတော်အဖွဲ့  Big Bang အဖွဲ့သည်  တေးသီချင်း အယ်လ်ဘမ်သစ်အတွက် ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း  ၎င်းတို့၏ အေဂျင်စီYG အင်တာတိန်းမန့်က စက်တင်ဘာ ၂၉ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။

“ တေးသီချင်း အယ်လ်ဘမ်သစ်ကို မကြာမီ ကြေညာသွားမှာဖြစ်ပါတယ်။ တေးအယ်လ်ဘမ်နဲ့ ပတ်သက်လို့  အသေးစိတ် မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ သတင်းကောင်း တစ်ခုပေးဖို့  ကျွန်တော်တို့  ပြင်ဆင်နေပါတယ်”ဟု အဖွဲ့ဝင် Seungri က စက်တင်ဘာ ၂၈ရက်က Naver V Lvie ရုပ်သံ “Hello Seungri” အစီစဉ်မှတစ်ဆင့် ပြောကြားခဲ့သည်။

“ Big Bang အဖွဲ့ဟာ များပြားလှတဲ့ အစီစဉ်တွေ ရှိနေပေမဲ့ တေးအယ်လ်ဘမ်သစ်အတွက် ပြင်ဆင် လုပ်ဆောင်နေပါတယ်။ အဖွဲ့ဝင်တွေဟာ မကြာသေးမီက တေးအယ်လ်ဘမ် နောက်ဆုံးအဆင့် အဆုံးသတ်လုပ်ဆောင်ဖို့  နေ့တိုင်းလိုလို  YG  စတူဒီယိုမှ လုပ်ဆောင်နေပါတယ် ” ဟု ကုမ္ပဏီက ပြောကြားခဲ့သည်။

ယခုနှစ်သည်  Big Bang အဖွဲ့အတွက် ကြီးကျယ်ခမ်းနားသည့် နှစ်တစ်နှစ်ဖြစ်သည်။ Big Bang အဖွဲ့သည် အဖွဲ့ ဆယ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ်  မကြာသေးမီ လများက ပြည်တွင်းနှင့် ပြည်ပတွင် ရုပ်ရှင်ထုတ်လွှင့်ခြင်း ၊ ပြပွဲပြုလုပ်ခြင်း နှင့် ဖျော်ဖြေပွဲ အပါအဝင် များပြားလှသော အနုပညာ အစီစဉ်များကို လုပ်ဆောင်ခဲ့သည်။လက်ရှိ အချိန်တွင်လည်း ယခုနှစ်တွင် တေးအယ်လ်ဘမ်သစ် ထွက်ရှိရန် ပြင်ဆင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags