အင်စတာဂရမ်တွင် followers သန်းတစ်ရာရရှိတဲ့ ပထမဆုံးအနုပညာရှင်ဖြစ်လာတဲ့ ဆလီနာဂိုမက်ဇ်

အင်စတာဂရမ်တွင် followers သန်းတစ်ရာရရှိတဲ့ ပထမဆုံးအနုပညာရှင်ဖြစ်လာတဲ့ ဆလီနာဂိုမက်ဇ်

နယူးယော့ခ် ၊ စက်တင်ဘာ ၂၉ ။               ။ ဟောလိဝုဒ် မင်းသမီး ဆလီနာဂိုမက်ဇ်သည် ပြီးခဲ့သည့်လက ကျန်းမာရေးအခြေနေကြောင့် အနုပညာလောကမှ ခတ္တအနားယူသွားမည်ဖြစ်ပြီး ကမ္ဘာလှည့်ဖျော်ဖြေပွဲကိုလည်း ပယ်ဖျက်ခဲ့ကြောင်း ကြေညာခဲ့သော်လည်း ဆလီနာသည် အင်စတာဂရမ်တွင် followers သန်းတစ်ရာရရှိခဲ့သည့် ပထမဆုံး အနုပညာရှင်ဖြစ်လာခဲ့သည်။

ဆလီနာသည် ကြေညာခဲ့ပြီး တစ်လအတွင်း ဓာတ်ပုံအသစ်များ တင်ခြင်းမရှိသော်လည်း followers သန်းတစ်ရာ ရရှိခြင်းက  ဆလီနာအတွက်  လူမှုရေးမီဒီယာတွင် မှတ်တိုင်တစ်ခုအဖြစ် ကမ်းပိန်လုပ်ဆောင်ပေးခဲ့သည့် ပရိတ်သတ်များ၏ လုပ်ဆောင်မှုအစိတ်ပိုင်းတစ်ရပ်ဖြစ်သည်။

ဆလီနာသည် lupus (ခုခံအားစနစ်ကို အလိုလျောက် ယုတ်လျော့စေသည့်ရောဂါ )  ရောဂါကို ခံစားနေရခြင်းကြောင့် ရောဂါကို ကုသရန်အတွက် ခတ္တအနားယူမည်ဖြစ်ကြောင်း သြဂုတ်လကုန်က   ပြောကြားခဲ့သည်။

ယင်းနောက်တွင် ဆလီနာသည် လက်ရှိလုပ်ဆောင်နေသော  “Revival” ကမ္ဘာလှည့်ဖျော်ဖြေပွဲ၏ ကျန်ရှိနေသော ဖျော်ဖြပွဲရက်များကို ဖျက်သိမ်းခဲ့သည်။

ဆလီနာ၏ နောက်တွင် တေလာဆွစ်ဖ်က  followers ၉၁ဒသမ၄သန်း ၊ ဘီယွန်စေးက followers ၈၅ဒသမ၃သန်း ၊ အရီနာဂရိတ်ဒ်က followers ၈၅သန်း နှင့် ကင်ကာဒစ်ရှန်က followers ၈၃ဒသမ၆သန်းဖြင့် ရပ်တည်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required