၂၀၁၆ ဘောလုံးရာသီအကုန်တွင် ဘောလုံးလောကကို တိဗက်ဇ်စွန့်ခွာဖွယ်ရှိ

၂၀၁၆ ဘောလုံးရာသီအကုန်တွင် ဘောလုံးလောကကို တိဗက်ဇ်စွန့်ခွာဖွယ်ရှိ

စက်တင်ဘာ ၂၉၊ အာဂျင်တီးနား။          ။ ၂၀၁၆ ဘောလုံးရာသီကုန်ဆုံးချိန်တွင် ဘောလုံးလောကကို စွန့်ခွာဖွယ်ရှိနေသည်ဟု ကားလို့စ်တိဗက်ဇ်က ဝန်ခံပြောဆိုလိုက် သည်။

ငယ်ဘဝကလပ် ဘိုကာဂျူနီယာအသင်းတွင် လက်ရှိကစားနေသည့် အသက် ၃၂ နှစ်အရွယ်တိုက်စစ်မှူးသည် မန်ယူ၊ မန်စီးတီး နှင့် ဂျူဗင်တပ်အသင်းတို့တွင်လည်း ကစားခဲ့ဖူးသည်။

အာဂျင်တီးနားပြည်တွင်းလိဂ်ပွဲများတွင် ဖြစ်ပေါ်နေသော အခြေအနေများကို စိတ်ပျက်နေသည့် တိဗက်ဇ်က စောစီးစွာအနားယူ မည့် အစီအစဉ်ကို ထုတ်ပြောလာခဲ့ခြင်းဖြစ်သည်။

အထင်ရှားဆုံးဖြစ်ရပ်မှာ ပြစ်ဒဏ်တစ်ခုအတွက် ၎င်း၏ကလပ်အသင်းကို မီဒီယာကဲ့သို့သောပြင်ပဖိအားပေးမှုများပေါ်ပေါက်ခဲ့ပြီး တိဗက်ဇ်မှာ ယခုလအစောပိုင်းတွင် သုံးပွဲပယ်ပြစ်ဒဏ်ချခံခဲ့ရသည်။

“ကျွန်တော့်အပေါ်ပြစ်ဒဏ်ချခဲ့တာ ကော်မတီကမဟုတ်ဘဲ ဂျာနယ်လစ်တွေက ဖြစ်ပါတယ်။ ကျွန်တော့်ကို သုံးပွဲပယ်ခံရဖို့ သူတို့ ဖိအားပေးခဲ့ကြပါတယ်။

တကယ်လို့ သရေကျခဲ့ရင် ကျွန်တော်တို့အသင်း အခက်ကြုံသွားမှာဖြစ်ပြီး ရေးဗားပလိတ်ကတော့ အဲဒီလောက်ဖြစ်မှာ မဟုတ်ပါ ဘူး။ ကျွန်တော်ဘောလုံးကစားရတာပျော်ပါတယ်။ ဒါပေမဲ့ ဘောလုံးပတ်ဝန်းကျင်ကိုတော့ မကြိုက်ဘူး”ဟု တိဗက်ဇ်က ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required