အရပ်သားများကို ဓါတုလက်နက်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆူဒန် စစ်တပ် စွပ်စွဲ ခံနေရ

By CNN
29 September 2016
အရပ်သားများကို ဓါတုလက်နက်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆူဒန် စစ်တပ် စွပ်စွဲ ခံနေရ

စက်တင်ဘာ ၂၉ ။              ။ ဆူဒန်စစ်တပ်က Darfur ဒေသရှိ အရပ်သားများကို ဓါတုလက်နက်သုံးကာ တိုက်ခိုက်ခဲ့မှုများ ရှိခဲ့သည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ AI က စက်တင်ဘာ ၂၉ ရက်က အစီရင်ခံစာတစ်ရပ် ထုတ်ပြန် ပြောကြားလိုက်သည်။

စစ်တပ်၏ တိုက်ခိုက်မှုများမှာ အရပ်သားများကိုသာ ပစ်မှတ်ထားခြင်းဖြစ်ကာ ယင်းလုပ်ရပ်မှာ စစ်ရာဇဝတ်မှု မြောက်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့သော် အဆိုပါ စွဲချက်များကို ဆူဒန် အစိုးရက ငြင်းဆန်သွားပြီး ယင်းသတင်းများမှာ ကောလာဟလသာ ဖြစ်ကြောင်း ချေပပြောဆိုခဲ့သည်။

AI ၏ အစီရင်ခံစာ အရမူ ယင်းဒေသအတွင်း တိုက်ခိုက်မှုများအတွင်း မြင်တွေ့ခဲ့ရသော မီးခိုးငွေ့များမှာ နက်ပြာရောင် ပြောင်းသွားပြီး ကြက်ဥပုပ်နံ့များလည်း ရခဲ့သည်ကို ကိုယ်တိုင် ကြုံတွေ့ခဲ့သူများ၏ ပြောကြားထားခဲ့သည်ဟု ဆိုသည်။  ယင်းတို့သည် ဓါတုလက်နက်များ၏ လက္ခဏာရပ်များဖြစ်ပြီး ကိုယ်တွေ့ခံစားခဲ့ရသူ ကလေးတစ်ချို့ဆိုလျင် သွေးအန်မှုများပင် ရှိခဲ့သည်ဆိုသော သတင်း အချက်အလက်များ ရရှိထားသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခ တိုက်ခိုက်မှုများ ဖြစ်ပေါ်နေခဲ့သည်မှာ ဆယ်စုနှစ် တစ်စုပင် ကြာမြင့်ခဲ့ပြီဖြစ်ပြီး  ကမ္ဘာ့ပေါ်တွင် အဆိုးရွားဆုံး လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းတစ်ခု ဖြစ်ကြောင်းလည်း ကုလသမဂ္ဂက ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required