အာစင်ဝင်းဂါးကို အင်္ဂလန် နည်းပြအဖြစ် ခန့်အပ်ရန် အက်ဖ်အေ ကြံရွယ်နေ

အာစင်ဝင်းဂါးကို အင်္ဂလန် နည်းပြအဖြစ် ခန့်အပ်ရန် အက်ဖ်အေ ကြံရွယ်နေ

စက်တင်ဘာ ၂၉၊ အင်္ဂလန် ။               ။ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)သည် လစ်လပ်လျက်ရှိသော အင်္ဂလန် နည်းပြရာထူး နေရာအတွက် ယခုရာသီတွင် မတည်မငြိမ်ဖြစ်နေသော အာဆင်နယ် နည်းပြ အာစင်ဝင်းဂါးကို ချိတ်ဆက်နေသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ဘောလုံးသမား အပြောင်းအရွှေ့ အရှုပ်အရှင်း ကိစ္စရပ်များကြောင့် နည်းပြ ဆမ်အလာဒွိုက်စ်နှင့် အင်္ဂလန်အက်ဖ်အေတို့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပြီးနောက် လက်ရှိတွင် ယင်းရာထူးမှာ လစ်လပ်လျက်ရှိသည်။

လာမည့် အင်္ဂလန်အသင်း၏ ပွဲစဉ်လေးပွဲကို ယူ-၂၁ နည်းပြ ဆောက်ဂိတ်က တာဝန်ယူကိုင်တွယ်မည်ဖြစ်သည်။ ထိုပွဲစဉ် လေးပွဲပြီးဆုံးမည့် အချိန်မှာ ပရီးမီးယားလိဂ် ရာသီပြီးဆုံးရန် တစ်ပွဲသာ လိုတော့မည့်အချိန်ဖြစ်သည်။

စာချုပ်သက်တမ်း နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီဖြစ်သည့် အာစင်ဝင်းဂါး ဘက်ကမူ အာဆင်နယ် အသင်းအတွက်သာ အာရုံစိုက်ထားပြီး အာဆင်နယ် အသင်းသည်သာ သူ၏ ပထမ ဦးစားပေး   ဖြစ်ကြောင်း ပြောဆိုထားသည်။

‘ကျွန်တော့်ရဲ့ ပထမ ဦးစားပေးက အာဆင်နယ် အသင်းပါပဲ။ ရာသီပြီးဆုံးတဲ့ အချိန်အထိ ဒီမှာရှိနေမှာပါ။ အဲ့ဒီအတွက်ပဲ အပြည့်အ၀ အာရုံစိုက်ထားပါတယ်’ ဟု ဘေဆယ်ကို နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရသည့် ပွဲအပြီးတွင် အာစင်ဝင်းဂါးက ပြောဆိုခဲ့သည်။

ရည်ညွှန်း စကိုင်းစပို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required