အလီပိုတွင် ဗုံးကြဲ တိုက်ခိုက်ခြင်းများကြောင့် ရုရှကို အမေရိကန် သတိပေး

အလီပိုတွင် ဗုံးကြဲ တိုက်ခိုက်ခြင်းများကြောင့် ရုရှကို အမေရိကန် သတိပေး

ဒမတ်စကပ်၊ စက်တင်ဘာ ၂၉ ။                    ။ ဆီးရီးယားနိုင်ငံ အလီပိုမြို့တွင် ဗုံးကြဲ တိုက်ခိုက်ခြင်းများကို ရုရှနိုင်ငံက ရပ်တန့်ပါမှ ဆီးရီးယားဆွေးနွေးပွဲများက အဆုံးသတ်နိုင်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ရုရှနိုင်ငံခြားရေးဝန်ကြီးအား သတိပေးသည်။

ရုရှနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ဗ်အား ဖုန်းခေါ်ပြောဆိုရာတွင် ဂျွန်ကယ်ရီက အလီပိုမြို့တွင် ဗုံးကြဲတိုက်ခိုက်မှုက ရုရှတွင် တာဝန်ရှိနေသည် အမေရိကန်က သတ်မှတ်ထားကြောင်း ပြောဆိုသည်။

ဆီးရီးယားအရေး ဆွေးနွေးမှုများကို ရပ်တန့်ပစ်ရန်လည်း ပြင်ဆင်နေပြီ ဖြစ်ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်က အပစ်ရပ်ရေး ချုပ်ငြိမ်းသွားပြီးနောက် အလီပိုမြို့တွင် ဗုံးကြဲ တိုက်ခိုက်မှုများ ကြုံနေရသည်။

ဂျွန်ကယ်ရီ၏ ဖုန်းပြောဆိုမှုကို တုံ့ပြန်မှုအဖြစ် ကုလသမဂ္ဂ ဆိုင်ရာ ရုရှဒုတိယ သံအမတ်ကြီး ဇာဂေနော့ဗ်က ဆီးရီးယားရှိ တိုက်ခိုက်မှုများအတွက် ရုရှနိုင်ငံအား အပြစ်ဆိုခြင်းများ ရပ်တန့် သင့်ကြောင်း   ပြောသည်။

သို့သော်လည်း အလီပိုမြို့အရေး ဆွေးနွေးရန် ဂျနီဗာသို့ သံတမန်များ စေလွှတ်ကာ အမေရိကန်နှင့် ဆွေးနွေးမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၈ ရက်က ရုရှက ပြောသည်။

“ရုရှသမ္မတ အမိန့်အရ ဆီးရီးယား ပြဿနာအတွက် အမေရိကန်နဲ့ ဆက်လက် ဆွေးနွေးသွားဖို့ အသင့်ရှိနေပါတယ်။”ဟု ရုရှကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required