လူ့အခွင့်ရေးကော်မရှင် အဖွဲ့ဝင်သစ်များ ခန့်အပ်ပေးရန် ပါဝင်သည့် တိုက်တွန်းစာ သမ္မတ ရုံးသို့ ပေးပို့

လူ့အခွင့်ရေးကော်မရှင် အဖွဲ့ဝင်သစ်များ ခန့်အပ်ပေးရန် ပါဝင်သည့် တိုက်တွန်းစာ သမ္မတ ရုံးသို့ ပေးပို့

ရန်ကုန်၊ စက်တင်ဘာ ၂၈ ။              ။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အား အနိမ့်ဆုံး ရှိသင့်သည့် နိုင်ငံတကာစံချိန်စံညွှန်းများ (ပါရီအခြေခံ မူများ) နှင့်အညီ   ကော်မရှင်အဖွဲ့ဝင်သစ်များ ရွေးချယ်ခန့်အပ်ပေးရန် အချက်ပါဝင်သည့် တိုက်တွန်း စာတစ်စောင်ကို   အရပ်ဘက် အဖွဲ့အစည်း (၁၄၂) ဖွဲ့ပူးပေါင်းပြီး နိုင်ငံတော် သမ္မတရုံးသို့ ပေးပို့ထားကြောင်း Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက မဇ္ဈိမကိုပြောသည်။

အဆိုပါ အကြံပြု တိုက်တွန်းလွှာ (၃) ချက်ကို စက်တင်ဘာ ၂၈ ရက်စွဲဖြင့် ပေးပို့လိုက်ခြင်း ဖြစ်သည်။

“ လူ့အခွင့်ရေး ကော်မရှင်ကို ပြုပြင်ပြောင်းဖို့ ဒီအချက်ပါ ပါတယ်။ နုတ်ထွက်ပေးဖို့ပါ အကြုံးဝင်တာပေါ့ဗျာ ဒီမှာပါဝင်တဲ့ လူ ၃ ယောက်တည်းတင် မဟုတ်ဘဲ ကော်မရှင်တစ်ခုလုံးပါ။ ဒီလိုမျိုး လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး စံချိန်စံညွန်း မ ပြည့်ရင် တစ်သက်လုံးဖြစ်နေမှာ ဆိုတဲ့အတွက် ကော်မရှင်တစ်ရပ်လုံးကိုပြောင်းလဲ ဖို့အတွက် တောင်းဆိုထားတာ “ ဟု ဦးအောင်မျိုးမင်းက ပြောသည်။

ကော်မရှင်ဖြစ်တည်ခြင်း ဆိုင်ရာဥပဒေကို ပြင်ဆင်ရေးဆွဲ၍ ကော်မရှင်အား ပြန်လည်ဖွဲ့စည်းရန်လည်း တောင်းဆိုထား သည်။

ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် အတွင်းရှိ အင်း၀ အပ်ချုပ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် အိမ်အကူ မိန်းက လေးငယ် နှစ်ဦး အနှိပ်စက်ခံရမှုတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၏   ငွေကြေး တစ်စံတစ်ရာဖြင့် ကြေအေးပေး ရန် ကြားဝင်ညှိနှိုင်းခဲ့ခြင်းအပေါ် ပြည်သူလူထုက ပြင်းထန်စွာ ပြစ်တင်ဝေဖန်မငများရှိခဲ့သည့်အတွက် အစိုးရအနေဖြင့် ထိရောက်စွာ အရေးယူပေးရန် ပြည်သူ့လွှတ်တော်တွင် အဆိုင်တင်သွင်း ဆုံးဖြတ်ခဲ့ကြပြီးလည်း ဖြစ်သည်။

အဆိုပါကိစ္စနှင့် ပက်သက်၍ မြန်မာနိုင်ငံလူ့အခွင့်ရေးကာ်မရှင် တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်ရန်ကြိုးပမ်းခဲ့ သော် လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

နိုင်ငံတော် သမ္မရုံးသို့ပေးပို့သည့်  အိပ်ဖွင့်ပေးပို့စာတွင် အမျိုးသမီးများနှင့် ကလေးသူငယ်များအား ကာကွယ် စောင့် ရှောက်မှုပေးမည့်   ပွင့်လင်းမြင်သာမှု ရှိသော နိုင်ငံတော်အဆင့် လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းစဉ်စီမံကိန်း တစ်ရပ် ရေးဆွဲချမှတ် အကောင်အထည်ဖော်ရန်လည်း ပါဝင်သည်။

စက်တင်ဘာ ၂၈ မနက်တွင် ပြည်လမ်းရှိ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးသို အဖွဲ့ဝင်များနုတ်ထွက်ပေးရန်  ပြင်ပ တွင်ကောက်ခံရရှိသည့် လက်မှတ်ပေါင်း ၁၂၁၁ လက်မှတ်နဲ့၊ အွန်လိုင်းမှ ကောက်ခံရရှိသည့် လက်မှတ်ပေါင်း ၁၉၁၂ ခုကို ပေးပို့ခဲ့ရာ  ကော်မရှင်မှ ဦးစီးမှုးတစ်ယောက်က စာလက်ခံပုံစံနဲ့ လက်ခံယူခဲ့ကြောင်းလည်း သိရသည်။

အိမ်အကူ မိန်းကလေးနှစ်ယောက် နှိပ်စက်ခံရမှုတွင်  လာဘ်စား ထားကြောင်း ရှာဖွေဖော်ထုတ်နိုင်ပါက မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကို တရားစွဲဆိုနိုင်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက စက်တင်ဘာ ၂၁ရက် ကော်မ ရှင်ရုံး တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင်အချို့ကို ထိရောက်စွာအရေးယူရန် ပြည်သူ့လွှတ်တော် အမတ်ဦးပြုံးချိုက စက်တင်ဘာ ၂၂ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်း အရေးကြီးအဆို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ ၂၆တွင် လူ့အခွင့်အရေးကို အကာအကွယ်မပေးသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင် အ ဖွဲ့ဝင် အချို့အား ထိရောက်စွာအရေးယူရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုအပေါ် စက် တင်ဘာ ၂၆ရက်က ပြည်သူ့လွှတ်တော်တွင် အတည်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required