သီလဝါအထူးစီးပွားရေးဇုန်၌ ရင်းနှီးမြုှပ်နှံထားသော ဂျပန်လုပ်ငန်းရှင်များနှင့် ထိပ်တိုက်ညှိနှိုင်းရန် သီလဝါဒေသခံများ ဂျပန်သို့ သွားရောက်

သီလဝါအထူးစီးပွားရေးဇုန်၌ ရင်းနှီးမြုှပ်နှံထားသော ဂျပန်လုပ်ငန်းရှင်များနှင့် ထိပ်တိုက်ညှိနှိုင်းရန် သီလဝါဒေသခံများ ဂျပန်သို့ သွားရောက်
သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (က) ဖွံ့ဖြိုးရေး လုပ်ငန်းခွင်အား တွေ့မြင်ရစဉ်။ ၂၅ ဂျူလိုင် ၂၀၁၄။ ဓာတ်ပုံ ဘိုဘို။

သီလဝါအထူးစီးပွားရေးဇုန်ဆိုင်ရာ ကိစ္စရပ်များဆွေးနွေးညှိနှိုင်းရန် ရန်ကုန်မြို့၊ သီလဝါအထူးစီးပွားရေးဇုန်အနီး နေထိုင်သည့် ကျေးရွာသူ၊ ရွာသားများမှာ ယခုတစ်ပတ်အတွင်း ဂျပန်နိုင်ငံသို့ သွားရောက်ပြီး ဂျပန်ရင်းနှီးမြုပ်နှံသူများနှင့် တွေ့ဆုံမည်ဖြစ်သည်။

အထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍ ဒေသခံများနှင့် ရင်းနှီးမြုှပ်နှံသူများအကြား ယခင် စေ့စပ်ညှိနှိုင်းခဲ့မှုများမှာ ထိုက်သင့်သလောက်  အောင်မြင်မှုမရှိခဲ့ဘဲ ယခုအခါ ဒေသခံတောင်သူများမှာ ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA နှင့် အထူးစီးပွားရေးဇုန်အတွင်း ပါဝင်ထားသော အခြားဂျပန်ရင်းနှီးမြုှပ်နှံသူများနှင့် သွားရောက်တွေ့ဆုံမည်ဖြစ်သည်။

လက်ရှိတွင် ယင်းစီမံကိန်း ပထမအဆင့်ပင် ဖော်ဆောင်ပြီးစီးထားပြီဖြစ်ကာ ယင်းအခြေအနေတွင် စီမံကိန်းကြောင့် ယင်းနေရာတွင် မူလနေထိုင်ခဲ့သူ အိမ်ထောင်စုပေါင်း ၆၈ စုမှာ အခြားသော အရည်အသွေးနိမ့်ကျသော နေရာများတွင် ပြောင်းရွှေ့နေရာချထားခံရသည့် ကိစ္စရပ်များ ရှိနေခဲ့ခြင်းဖြစ်သည်။ ယင်းကိစ္စရပ်ကို ယခုထက်အထိ ပြေလည်အောင် ဖြေရှင်းပေးနိုင်သေးခြင်း မရှိသေးပေ။

အလားတူ ဒေသခံ ရွာသားများကလည်း လက်ရှိ စီမံကိန်း၏ ဒုတိယအဆင့်ကိုလည်း မူလစီစဉ်အထားသည့်အတိုင်း ဆက်မလုပ်သင့်သေးကြောင်းနှင့်၊ လက်ရှိပထမအဆင့်စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံလူထုနှင့် စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ် ပြေလည်မှသာလျင် ဆက်လုပ်ရန် ပြောကြားနေကြသည်။

ဒေသခံ ရွာသူရွာသားများမှာမူ ပြီးခဲ့သည့်ကာလကတည်းက စီမံကိန်းနှင့်ပတ်သက်၍ ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ထားပြီးဖြစ်သည်။ လက်ရှိ လုပ်ဆောင်လျက်ရှိသော စီမံကိန်းကို ၎င်းတု့ိ ဆက်လက်ထောက်ခံမည်မဟုတ်ကြောင်း ပြောကြားထားကြသည်။

"ကျွန်တော်တို့ နောက်ဆုံးပြောထားတဲ့ ပြဿနာက ခုထက်ထိ မပြေလည်သေးဘူးဆိုတာ ပြောချင်လို့ ဂျပန်ကို လာတာဖြစ်ပါတယ်၊  JICA နဲ့ အခြားဂျပန်ကုမ္ပဏီတွေနဲ့ တွေ့ပြီး ဆွေးနွေးချင်ပါတယ်၊ သူတို့ဟာ ဒီစီမံကိန်းဖော်ဆောင်သူသက်သက်သာ မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်၊ ဒီစီမံကိန်းဟာ ဒေသခံလူထုမပါဘဲ အောင်မြင်မှု မရနိုင်ပါဘူး၊ သူတို့နဲပ ထပ်ဆွေးနွေးနိုင်ဖို့ ကြိုးစားသွားပါမယ်၊ ပုံစံကြည့်ရတာတော့ ဒီလိုဆွေးနွေးမှုကို လက်ခံချင်ပုံတော့မရပါဘူး၊ ကျွန်တော်တို့နဲ့မဆွေးနွေးဘူးဆိုရင် ဒီစီမံကိန်းကို ကန့်ကွက်သွားရပါလိမ့်မယ်" ဟု မြန်မာဒေသခံတောင်သူခေါင်းဆောင် ဦးမြလှိုင်က ပြောသည်။

ယခုအခါ စီမံကိန်းဒုတိယအဆင့်ကို မူ ပထမအဆင့်က တွေ့ကြုံခဲ့ရမှုများကို သင်ခန်းစာယူပြီး လုပ်ဆောင်မည်ဟု ရင်းနှိးမြုှပ်နှံသူများက ပြောသည်။ သို့သော် EIA နှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများတွင် အမှန်တကယ်လက်တွေ့ကျသည့် လုပ်ဆောင်ဖြေရှင်းမှုအချက်အလက်များ လိုအပ်နေလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly