မော်ရင်ဟို၏ အရိပ်လွှမ်းမိုးမှုကို လအတန်ကြာ ဗန်ဟားလ်ခံစားခဲ့ရဟုဆို

မော်ရင်ဟို၏ အရိပ်လွှမ်းမိုးမှုကို လအတန်ကြာ ဗန်ဟားလ်ခံစားခဲ့ရဟုဆို

စက်တင်ဘာ ၂၈၊ မန်ချက်စတာ။          ။ ဗန်ဟားလ်သည် မန်ချက်စတာယူနိုက်တက်အသင်းမှ ထုတ်ပယ်ခံရခြင်းမရှိမီ မော်ရင်ဟို၏ အရိပ်လွှမ်းမိုးမှုကို လအတန်ကြာ ခံစား ခဲ့ရသည်ဟု နီးစပ်သူတစ်ဦးက ထုတ်ပြောလိုက်သည်။

နယ်သာလန်လူမျိုးနည်းပြဗန်ဟားလ် အသင်းမှထွက်ခွာရတော့မည့်သတင်းမှာ အက်ဖ်အေဖလားဗိုလ်လုပွဲတွင် ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရပြီးနောက် ထွက်ပေါ်ခဲ့သည်။

သို့သော် ဗန်ဟားလ်သည် အသင်းမှထွက်ခွာရတော့မည်ကို ယင်းကာလမတိုင်မီကတည်းကသိရှိနေခဲ့သည်။ ဗန်ဟားလ်၏ နည်းပြအဖွဲ့မှ စွမ်းဆောင်ရည်သုံးသပ်သူအဖြစ်လုပ်ကိုင်ရသည့် မက်စ်ရက်ကာစ်က မော်ရင်ဟိုကို ယူနိုက်တက်က ခန့်အပ်မှု အပေါ် ဗန်ဟားလ်နည်းပြအဖွဲ့အတွက် ပြဿနာမရှိခဲ့ကြောင်း ပြောသည်။

“ဒါက ဘောလုံးလောကမှာ ဖြစ်နေကျပါ။ ကျွန်တော်တို့ကို မခန့်ခင်တုန်းကလည်း ကျွန်တော်တို့ရဲ့အရိပ်က ဒေးဗစ်မိုယက်စ် အပေါ်မှာ လွှမ်းမိုးခဲ့တာပဲ။

အားလုံးအဆင်ပြေပါတယ်။ အတိတ်မှာကျန်ခဲ့ပါပြီ။ ရှေ့ဆက်ဖို့ပဲ ရှင်သန်ရမှာ မဟုတ်လား”ဟု ရက်ကာစ်က ပြောသည်။

ဗန်ဟားလ်သည် အသင်းကိုခြေစွမ်းကောင်းအောင်မလုပ်နိုင်ခြင်းနှင့် ဂိုးရနည်းခြင်းကြောင့် ယူနိုက်တက်မှာ ယခုနှစ်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲချော်ခဲ့ရသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required