အစ္စရေးဝန်ကြီးချုပ် ရှီမွန်ပဲရေ့စ် အသက် ၉၃ အရွယ်တွင် ကွယ်လွန်

အစ္စရေးဝန်ကြီးချုပ် ရှီမွန်ပဲရေ့စ် အသက် ၉၃ အရွယ်တွင် ကွယ်လွန်

အစ္စရေးနိုင်ငံ၏ ဝန်ကြီးချုပ်နှင့် သမ္မတတာဝန်များကို ထမ်းဆောင်ခဲ့သူ ရှီမွန်ပဲရေ့စ်သည် အသက် ၉၃ နှစ်အရွယ်တွင်  ကွယ်လွန်သွားသည်။

ပဲရေ့စ်သည် လွန်ခဲ့သည့် နှစ်ပတ်ခန့်ကစ၍ လေသင်ဓုန်းဖြတ်သွားခဲ့ပြီး စိုးရိမ်စရာမရှိခဲ့ေသော်လည်း စက်တင်ဘာ ၂၇ ရက်က အခြေအနေ ရုတ်တရက် ဆိုးရွားပြီး ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

အစ္စရေးနိုင်ငံ၏ လျှိူ့ဝှက်နျူကလီးယားအစီအစဉ်ကို အကောင်အထည်ဖော်နိုင်ခဲ့သည့် ပဲရေ့စ်သည် ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ်နှင့် သမ္မတရာထူး တစ်ကြိမ်ထမ်းဆောင်ခဲ့သည်။

ပါလက်စတိုင်းတို့နှင့်  ငြိမ်းချမ်းရေးသဘောတူညီချက်များအား ဆွေးနွေးညှိနှိုင်းမှုကို ဆောင်ရွက်နိုင်ခဲ့သောကြောင့် ၁၉၉၄ ခုနှစ်တွင်  ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခဲ့သည်။

ပဲရေ့စ်ငြိမ်းချမ်းရေး စင်တာကို တည်ထောင်ထားပြီး အစ္စရေးနှင့် ပါလက်စတိုင်း တို့အကြား ပိုမိုရင်းနှီးစွာ ဆက်ဆံနိုင်ရေးတွင် ပါဝင်ဆောင်ရွက်နေဆဲဖြစ်သည်။

ပဲရေ့စ်အား ၁၉၂၃ ခုနှစ်၊ သြဂုတ် ၂ ရက်တွင် ပိုလန်နိုင်ငံ၌ မွေးဖွားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required