အိန္ဒိယတွင် မှောင်ခိုဂိုဏ်းထံမှ ရှားပါး ခေါင်းနှစ်လုံးပါ မြွေအား ဖမ်းဆီးရမိ

အိန္ဒိယတွင် မှောင်ခိုဂိုဏ်းထံမှ ရှားပါး ခေါင်းနှစ်လုံးပါ မြွေအား ဖမ်းဆီးရမိ

နယူးဒေလီ၊ စက်တင်ဘာ ၂၈ ။          ။ အိန္ဒိယရဲတပ်ဖွဲ့က တရားမဝင်မှောင်ခိုကုန်ကူးသူများထံမှ ခေါင်းနှစ်လုံးပါ ရှားပါးမြေနီရောင်စပါးကြီးမြွေကို ဖမ်းဆီးရမိခဲ့သည်။

မြေနီရောင် စပါးကြီးမြွေမျိုးက ရှားပါသည့် မြွေဖြစ်၍ မျိုးသုဉ်းမည့်ဘေးမှ အကာအကွယ်ပေးရသော မျိုးစိတ်ဖြစ်ပြီး ယင်းမြွေမျိုး၏ အမြီးသည် ကိုယ်ကိုကို ကာကွယ်ရန် နောက်ခေါင်းတစ်လုံးပုံစံ ရှိနေခြင်းကြောင့် ခေါင်းနှစ်လုံးပါသည့် ပုံဖြစ်နေခြင်းဖြစ်သည်။

မှောင်ခိုဈေးကွက်တွင် ယင်းမြွေမျိုးက ဈေးကောင်းရသည်။ လာဘ်ကောင်းသည့် မြွေဖြစ်ကာ ဆေးဖက်ဝင်သည်ဟု ယုံကြည်ကြခြင်းကြောင့် ဈေးကောင်းရနေခြင်းဖြစ်သည်။

ဘန်ဂလိုမြို့တွင်း ယင်းမြွေအား အမေရိကန်ဒေါ်လာ ၁၅၀၀ ဖြင့် အရောင်းအဝယ်လုပ်နေစဉ် ရဲက ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

ရဲက အရပ်ဝတ်အရပ်စားဖြင့် ဝယ်လက်ဟန်ဆောင်ကာ မှောင်ခိုသမားများအား ထောင်ဖမ်းခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required