ဟီလာရီနှင့် ဒေါ်နယ်ထရန့်တို့ စကားစစ်ထိုးပွဲ ရုပ်သံက ကြည့်ရှုသူ စံချိန်တင်များပြား

ဟီလာရီနှင့် ဒေါ်နယ်ထရန့်တို့ စကားစစ်ထိုးပွဲ ရုပ်သံက ကြည့်ရှုသူ စံချိန်တင်များပြား

နယူးယောက်၊ စက်တင်ဘာ ၂၈ ။            ။ သမ္မတလောင်းများဖြစ်သည့် ဟီလာရီကလင်တန်နှင့် ဒေါ်နယ်ထရန့်တို့၏ စကားစစ်ထိုးပွဲကို အမေရိကန်တွင် ရုပ်မြင်သံကြားမှ ကြည့်ရှုသူပေါင်းက ၈၄ သန်းဖြင့် ၃၆ နှစ်ကြာအတွင်း စံချိန်တင်များပြားခဲ့သည်။

၁၉၈၀ ခုနှစ်အတွင်းက ဂျင်မီကာတာနှင့် ရော်နယ်ရေဂင်တို့၏ သမ္မတလောင်းစကားစစ်ထိုးပွဲက ကြည့်ရှုသူပေါင်း ၈၀ ဒဿမ ၆ သန်း ရှိခဲ့သည်။

ယခုကြည့်ရှုသူ အရေအတွက်ကို 13USTV ရုပ်သံလိုင်းက ကြည့်ရှုသူ အရေအတွက်ကိုသာ တွက်ချက်ထားခြင်းဖြစ်ပြီး အမှန်ကြည့်ရှုသူ အရေအတွက်က ပိုမိုများပြားဖွယ်ရှိသည်။

အွန်လိုင်းတိုက်ရိုက် ထုတ်လွှင့်မှု၊ အရက်ဘားများနှင့် ပါတီများမှ ကမ္ဘာ့အနှံ့ကြည့်ရှုသူဦးရေက သန်းပေါင်းများစွာ ရှိနေနိုင်သည်။

ဒေါ်နယ်ထရန့်နှင့် ဟီလာရီတို့က နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမတိုင်မီ အောက်တိုဘာ ၉ ရက်နှင့် အောက်တိုဘာ ၁၉ ရက်တို့တွင် သမ္မတလောင်း စကားစစ်ထိုးပွဲ နှစ်ကြိမ် ယှဉ်ပြိုင်ကြဦးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required