ထိုင်ဝမ်မှာ တိုက်ဖွန်း မီဂီကြောင့် လူ (၃) ဦးသေဆုံး၊ (၁၆၇) ဦး ဒဏ်ရာရ

ထိုင်ဝမ်မှာ တိုက်ဖွန်း မီဂီကြောင့် လူ (၃) ဦးသေဆုံး၊ (၁၆၇) ဦး ဒဏ်ရာရ
(ဓာတ်ပုံ - အီးပီအေ)

(Updated) ထိုင်ဝမ်မှာ တိုင်ဖွန်းမုန်တိုင်း မီဂီကြောင့် သေဆုံးသူ (၄) ဦးရှိပြီး အနည်းဆုံး ဒဏ်ရာရသူ (၃၂၉) အထိရှိလာပြီဖြစ်သလို လူပေါင်း (၁၄,၀၀၀) ကို ဘေးကင်းရာဆီ ပြောင်းရွှေ့ခဲ့ကြောင်း ဗဟိုအရေးပေါ် စီမံရေး စင်တာက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

အင်္ဂါနေ့က ထိုင်ဝမ်မှာ တိုင်ဖွန်းမုန်တိုင်း မီဂီကြောင့် သေဆုံးသူ (၃) ဦးရှိပြီး (၁၆၇) ဦး ဒဏ်ရာရရှိခဲ့သလို ဝန်ဆောင်မှုများနှှု့် အခြေခံ အဆောက်အဦများ သိသိသသာ ထိခိုက်ပျက်စီးမှုဖြစ်ခဲ့တယ်လို့ ဗဟိုအရေးပေါ် စီမံရေး စင်တာအရ သိရပါတယ်။

လူပေါင်း ၅,၁၁၆ ကို လုံခြုံရာသို့ ပြောင်းရွှေ့ပေးထားပြီး လူပေါင်း (၂.၆၆) သန်းဟာ လျှပ်စစ်မီး ပြတ်တောင်မှုနှင့်ပါ ရင်ဆိုင်နေရပါတယ်။

ဒါ့အပြင် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများဖြစ်တဲ့ လေကြောင်းခရီးစဉ် ၄၀၈ ခု၊ ပင်လယ်ရေကြောင်း ၁၂၂ ခုနှင့် မြောက်များစွာတဲ့ ကူးတို့ဝန်ဆောင်မှုတွေကို ဖျက်သိမ်းခဲ့ရကြောင်း ဗဟိုအရေးပေါ် စီမံရေး စင်တာက ဆိုပါတယ်။

တိုင်ပေ မီထရို မီးရထားကို ပိတ်ထားသလို ဘတ်စ်ကားများဟာလည်း လမ်းအများစုမှာ ရပ်နေခဲ့ရတယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာနအရ သိရပါတယ်။

ထိုအတောအတွင်း မိုးသည်းထန်စွာ ရွန်သွန်းမှုတွေက မြစ်များ ရေတက်စေပြီး အထူးသဖြင့် တောင်တန်းဒေသများမှာ မြေပြိုမှုများ ဖြစ်ပေါ်မှုကို ဦးတည်နေပါတယ်။

တိုင်ဖုန်းမုန်တိုင်း မက်ဂီဟာ တစ်လအတွင်း တတိယမြောက် ထိုင်ဝမ်သို့ ဝင်ရောက်လာတဲ့ မုန်တိုင်းဖြစ်ပါတယ်။

© EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required